ဆော်ဒီအာရေဗျတွင် သိမ်းငှက်များနှင့် အမဲလိုက်ခြင်းပြပွဲ ပထမဆုံးအကြိမ်ကျင်းပ

ဆော်ဒီအာရေဗျတွင် သိမ်းငှက်များနှင့် အမဲလိုက်ခြင်းပြပွဲ ပထမဆုံးအကြိမ်ကျင်းပ

ဒီဇင်ဘာ ၈ ။            ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၄ ရက်ကနေ ယနေ့ ဒီဇင်ဘာလ၊ ၈ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယက်ဒ်မြို့မှာ သိမ်းငှက်များနှင့် အမဲလိုက်ခြင်းပြပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ထုံးတမ်းစဉ်လာကို ထိန်းသိမ်းတဲ့အနေနဲ့ သိမ်းငှက်များနှင့် အမဲလိုက်ခြင်းပြပွဲကို ဆော်ဒီအာရေဗျနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတာဖြစ်သလို နောင်လာနောက်သားတွေကိုလည်း ထုံးတမ်းစဉ်လာကို သိရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါသိမ်းငှက်များနှင့် အမဲလိုက်ခြင်းပြပွဲမှာ အမဲလိုက်ရာမှာ သုံးတဲ့ ရိုင်ဖယ်သေနတ်တွေကို ခင်းကျင်းပြသထားမှာဖြစ်ပြီး သိမ်းငှက်ကိုယ်စီမွေးထားတဲ့ ဆော်ဒီဒေသခံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒါအပြင် သိမ်းငှက်တွေနဲ့ ကုလားအုတ်တွေကိုလည်း လေလံတင်ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံရဲ့ သင်္ကေတအဖြစ် ကျော်ကြားတဲ့ သိမ်းဌက်နဲ့ ကုလားအုပ်တွေကြောင့် အဆိုပါပွဲမှာ ပွဲကြည့်ပရိသတ်တွေနဲ့ စည်ကားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly