ဘရာဇီး ဘဏ်ဓားပြတိုက်မှုတွေကို ရဲနှိမ်နင်းရာမှာ ဘဏ်ဓားပြ ခြောက်ဦးနဲ့ ကလေးတစ်ဦးပါဝင်တဲ့ ဓားစာခံ ငါးဦး သေဆုံး

ဘရာဇီး ဘဏ်ဓားပြတိုက်မှုတွေကို ရဲနှိမ်နင်းရာမှာ ဘဏ်ဓားပြ ခြောက်ဦးနဲ့ ကလေးတစ်ဦးပါဝင်တဲ့ ဓားစာခံ ငါးဦး သေဆုံး
Photo: EPA

ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၁၈ ။      ။ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း မြို့တစ်မြို့မှာ သောကြာနေ့ နံနက် အာရုဏ်မတက်ခင်က ဘဏ်နှစ်ဘဏ်ကို ဓားပြတိုက်ခိုက်မှုဖြစ်ပွားတာကြောင့် ရဲက နှိမ်နင်းခဲ့ပါတယ်။

ရဲနှိမ်နင်းမှုအတွင်းမှာ ဘဏ်ဓားပြခြောက်ဦးနဲ့အတူ ကလေးတစ်ဦးအပါအဝင် ဓားစာခံ ငါးဦး သေဆုံးခဲ့တယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။

အရှေ့မြောက်ပိုင်းပြည်နယ် စီယာရာပြည်နယ်က မီလာဂရီ မြို့မှာဖြစ်ပွားတဲ့ ဘဏ်ဓားပြတိုက်မှုနှစ်ရပ်မှာ သေဆုံးသူတွေကို မူခင်းဆေးဆရာဝန်တွေက စစ်ဆေးပြီး ရေခဲတိုက် ပို့ဆောင်စေပါတယ်။

အာရုဏ်မတက်ခင်မှာ ဖြစ်ပွားတဲ့ ဒီဘဏ်ဓားပြတိုက်မှုတွေမှာ လက်နက်ကိုင် ဓားပြတွေနဲ့ ရဲတပ်ဖွဲ့ကြား တိုက်ပွဲငယ်တစ်ရပ်အသွင် ဖြစ်ခဲ့ပါတယ်။

“ဆေးရုံသတင်းရပ်ကွက်ကတော့ ဘဏ်ဓားပြ ခြောက်ဦးနဲ့ ဓားစာခံငါးဦး သေဆုံးတာကို ကြားသိရတယ်။”လို့ မီလာဂရီမြို့တော်ဝန် လန်ဒင််က ပြောပါတယ်။

သေဆုံးတဲ့ ဓားစာခံတွေဟာ တစ်မိသားစုတည်းက ဖြစ်ပြီး ကလေးတစ်ဦးပါ ပါဝင်တယ်လို့ ၎င်းက ဆိုပါတယ်။ ဘဏ်ဓားပြတွေဟာ လေယာဉ်စီး ထွက်ပြေးဖို့ အနီးနားက လေဆိပ်ဆီ ဓားစာခံတွေကို ဖမ်းဆီးခေါ်ပြီး ထွက်ပြေးကြရာမှာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒေသစံတော်ချိန် နံနက် ၂ နာရီ ဝန််းကျင်မှာဖြစ်ပွားတဲ့ ဒီဘဏ်ဓားပြတိုက်မှုတွေမှာ ရဲနဲ့ အပြန်အလှန်ပစ်ခတ်တာဟာ အနည်းဆုံး မိနစ် ၂၀ ကြာတဲ့ တိုက်ပွဲငယ်တစ်ရပ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly