ကမ္ဘာ့တိရိစ္ဆာန်များနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပမည်

ကမ္ဘာ့တိရိစ္ဆာန်များနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပမည်

မဇ္ဈိမ၊ စက်တင်ဘာ ၂၈ ။          ။ အောက်တိုဘာ ၄ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့တိရိစ္ဆာန်များနေ့ World Animal Day အထိမ်းအမှတ် ဂုဏ်ပြုသော အားဖြစ် "Global March For Elephants and Rhinos" 2015 ပွဲကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် အဖြစ် အခြားကမ္ဘာ့မြို့ပေါင်း ၁၃၀ ကျော်နှင့် တန်းတူဆင်နွဲမည်ဟု ဦးဆောင်ကျင်းပမည့် Save Elephant Foundation မှသိရသည်။

ကမ္ဘာတစ်ဝန်းတွင် အောက်တိုဘာ ၂ ရက်မှ ၄ရက်အတွင်းကျင်းပကြပြီး မြန်မာနိုင်ငံတွင် ၃ ရက်နေ့၌ ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်တွင် ကျင်းပမည်ဟု Save Elephant Foundation မှ မစံပယ်ကပြော သည်။

''ကန်တော်ကြီးဥယျာဉ် မျှော်စင်ကျွန်းကနေ ဂိတ်အမှတ် ၁ ထိ ဥယျာဉ်တစ်ပတ် တိရစ္ဆာန်ချစ်သူများက လမ်းလျောက်ပွဲ ဆင်နွဲပြီး တိရစ္ဆာန်လေးတွေကိုချစ်တဲ့အကြောင်းသက်သေပြမှာဖြစ်ပါတယ်'' ဟု၎င်းက ဆိုသည်။

လာရောက်ကြမည့် ဧည့်သည်များအား စိတ်ဝင်စားစရာ ဗဟုသုတ ပညာပေးအစီအစဉ်များ၊ ကလေးငယ်လေးများအတွက် ပျော်ရွှင်စရာလက်ဆောင်များ၊  T shirt အကျီၤများ အမှတ်တရ လက်ဆောင်ပေးပြီး ကျောက်ဆည်ဆင်အကဖြင့် ဖျော်ဖြေပေးမည်ဖြစ်သည်။

သဘာဝတောရိုင်းတိရစ္ဆာန်ချစ်သူများက အပြစ်မဲ့တိရစ္ဆာန်လေးများကို တတပ်တအားကာကွယ်ပေး သည့် အနေဖြင့် ပျော်ပျော်ပါးပါးပါဝင် ဆင်နွဲရင်း လမ်းလျောက်ကြဖို့ Save Elephant Foundation က
ဖိတ်ခေါ်ထားသည်။

အထိမ်းအမှတ်ပွဲကျင်းပမည့် အောက်တိုဘာ ၃ ရက်နေ့ မတိုင်မီ မီဒီယာများအား သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်ပြီး အချိန်နှင့် နေရာကို မသတ်မှတ်ရသေးပါဟု မစံပယ်က ပြောသည်။

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly