အိန္ဒိယသမ္မတ မြန်မာနိုင်ငံသိ့ု အလည်အပတ်ခရီး လာရောက်မည်

အိန္ဒိယသမ္မတ မြန်မာနိုင်ငံသိ့ု အလည်အပတ်ခရီး လာရောက်မည်

ဒီဇင်ဘာ ၅ ။              ။ အိန္ဒိယသမ္မတ ရမ်နက်သ် ကိုဗင်ဟာ လာမယ့် ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်အထိ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်မယ်လို့ သိရပါတယ်။

အိန္ဒိယသမ္မတရဲ့ အဆိုပါ ခရီးစဉ်အတွင်းမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။

ယင်း အလည်အပတ်ခရီးစဉ်အတွင်း သဘောတူညီချက် အများအပြားကိုလည်း လက်မှတ်ရေးထိုးသွားဖွယ် ရှိတယ်လို့လည်း အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

" ဒီ ခရီးစဉ်နဲ့အတူ သမ္မတကြီးအနေနဲ့ မြန်မာနိုင်ငံနဲ့အကြား အရေးပါတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်အောင် ဆက်လုပ်မယ်ဆိုတဲ့ အိန္ဒိယရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုသွားမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံက အိန္ဒိယရဲ့ Act East နဲ့ Neighbourhood First ဦးစားပေး မူဝါဒတွေ ဆုံနေတဲ့ နေရာမှာ ရှိတဲ့ နိုင်ငံဖြစ်ပါတယ်" လို့ ထုတ်ပြန်သွားပါတယ်။

ယမန်နှစ်တုန်းကလည်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့သေးပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခုနှစ် ဇန်နဝါရီတုန်းက အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးတက်ဖို့ အိန္ဒိယကို သွားရောက်ထားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly