ရန်ကုန်တိုင်းအတွင်းရှိ အချို့မြို့နယ်များတွင် ယာယီ မီး ပြတ်မည်

ရန်ကုန်တိုင်းအတွင်းရှိ အချို့မြို့နယ်များတွင် ယာယီ မီး ပြတ်မည်

နိုဝင်ဘာ ၅ ။         ။ ရန်ကုန်တိုင်းအတွင်းရှိ အချို့မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၅ ရက်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း( YESC) မှ ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးသို့ နိုင်ငံတော်ဓာတ်အားစနစ်မှအဝင် Primary source တစ်ခုဖြစ်သော 230kV လှိုင်သာယာဓာတ်အားခွဲရုံအဝင် 230kV မဟာဓာတ်အားလိုင်းသည် ရွှေတောင်နှင့်မြောင်းတကာကြား Double Circuit လိုင်းအပြစ်ဖြစ်ခြင်းကြောင့် ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန် System တစ်ဝက် Half System Breakdown အပြစ် ဖြစ်ပေါ်သွားပါသဖြင့် ၎င်းဓာတ်အားလိုင်းနှင့်ချိတ်ဆက်ထားရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ 230kV ပင်မဓာတ်အားခွဲရုံများတွင် ဓာတ်အားပြတ်တောက်ခဲ့ရပါသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါဓာတ်အားပြတ်တောက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ အင်းစိန်၊ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို၊ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ စမ်းချောင်း၊ ဗဟန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ တာမွေ၊ ဆိပ်ကမ်း၊ ဒဂုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွှန့်၊ ရန်ကင်း၊ တောင်ဥက္ကလာမြို့နယ်များ ယာယီဓာတ်အားပြတ်တောက်နေပါ ကြောင်း အများပြည်သူများအားအသိပေးအပ်ပါသည်ဟု YESC ထုတ်ပြန်ချက်တွင် ပါရှိသည်။

မသည်သည့်အချိန်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိမည့်အကြောင်း မွန်းလွဲ ၂ နာရီအထိ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required