ဟစ်ဘိုလာအဖွဲ့ရဲ့ မြေအောက် ဥမင်လှိုဏ်ခေါင်းတွေကို အစ္စရေးတို့ ဖျက်ဆီးပိတ်ဆို့

ဟစ်ဘိုလာအဖွဲ့ရဲ့ မြေအောက် ဥမင်လှိုဏ်ခေါင်းတွေကို အစ္စရေးတို့ ဖျက်ဆီးပိတ်ဆို့

ဒီဇင်ဘာ ၄ ။               ။ လက်ဘနွန်ဘက်ကနေ အစ္စရေး ပိုက်နက်ထဲကို ဆက်သွယ် ဖောက်လုပ်ထားတဲ့ ဟစ်ဘိုလာတို့ရဲ့ ဥမင် လှိုဏ်ခေါင်းတွေကို ဖော်ထုတ်တွေ့ရှိခဲ့ပြီးနောက် ယခုအခါ ယင်းတို့ကို တူးဖော် ဖျက်ဆီး ပိတ်ဆို့ပစ်နေပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

ယခု ဖော်ထုတ်တွေ့ရှိခဲ့တဲ့ ယင်းဥမင်တွေကတော့ အသုံးပြုရသေးခြင်း မရှိတဲ့ လှိုဏ်တွေဖြစ်တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဂျိုနသန် ကွန်ရီကက်စ်က ပြောပါတယ်။

ဥမင် လှိုဏ် ခေါင်း ဘယ်နှစ်ခု တွေ့ရှိထားသလဲ ဆိုတာနဲ့ ဘယ်လိုဘယ်ပုံ ဖျက်ဆီးပစ်မလဲ ဆိုတာနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ပြောပြဖို့ ၎င်းက ငြင်းဆန်သွားပါတယ်။

ယင်း ဥမင် လှိုဏ် ဖျက်ဆီးမှု အားလုံးကိုတော့ အစ္စရေး နယ်မြေထဲမှာ လုပ်ဆောင်မှာဖြစ်ကြောင်း ၎င်းက ပြောသွားပါတယ်။

" ဟစ်ဘိုလာ အကြမ်းဖက်အဖွဲ့က လက်ဘနွန်ဘက်ကနေ အစ္စရေးနိုင်ငံထဲအထိ တူးဖော်ထားတဲ့ မြေအောက် တိုက်ခိုက်ရေး လှိုဏ်တွေကို ကျွန်တော်တို့ တွေ့ရှိ ဖျက်ဆီး ပိတ်ဆို့နေပါပြီ" ဆိုပြီး ဂျိုနသန်က ပြောသွားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly