ရုရှနှင့် အက်စတိုးနီးယား နှစ်နိုင်ငံပိုင်းခြားထားသည့် တံတားပေါ်တွင် အကျဉ်းသားလဲလှယ်

ရုရှနှင့် အက်စတိုးနီးယား နှစ်နိုင်ငံပိုင်းခြားထားသည့် တံတားပေါ်တွင် အကျဉ်းသားလဲလှယ်

ရုရှနှင့် အက်စတိုးနီးယားတို့မှာ နှစ်နိုင်ငံကို ပိုင်းခြားထားသည့် တံတားတစ်စင်းပေါ်တွင် သူလျှိုအကျဉ်းသားနှစ်ယောက်ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

ပြီးခဲ့သည့်လက အက်စတိုးနီးယား လုံခြုံရေးအရာရှိ အက်စတန် ခိုဗာကို ရုရှက ထောင်၁၅နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၎င်းကို ၂၀၁၂ခုနှစ်က အက်စတိုးနီးယားတွင် မော်စကိုအတွက် သူလျှိုလုပ်ပေးမှုစွဲချက်များဖြင့် ထောင်ချခံခဲ့ရသည့် အလက်ဆဲ ဒရက်ဆင်နှင့် လဲလှယ်ခဲ့ခြင်းပင် ဖြစ်သည်။

ခိုဗာ၏ အမှုမှာ သံတမန်ရေးအချင်းများမှုကို ဖြစ်ပွားစေခဲ့ပြီး အက်စတိုးနီးယားနှင့် အီးယူက ခိုဗာကို အက်စတိုးနီးယားမြေပေါ်မှ အဓမ္မခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သော်လည်း ရုရှဘက်မှ ငြင်းပယ်ခဲ့သည်။

ဒရက်ဆင်မှာ အက်စတိုးနီးယား လုံခြုံရေးရဲတပ်ဖွဲ့မှ အရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး ၁၉၉၁ခုနှစ် အက်စတိုးနီးယား လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်းများစာကြာသည်အထိ ရုရှသို့ နိုင်ငံတော်လျှို့ဝှက်ချက်များ သတင်းပေးနေမှုဖြင့် ထောင်ချခံခဲ့ရသူပင် ဖြစ်သည်။

ဒရက်ဆင်ကို ၎င်း၏ဇနီးသည်နှင့်အတူ ၂၀၁၂ခုနှစ်က ဖမ်းဆီးခဲ့ပြီး ဇနီးသည် ဗစ်တိုးရီးယား ဒရက်ဆင်ကိုမူ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ရုရှ ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့၏ ပြောကြားချက်အရ ရုရှနှင့် အက်စတိုးနီးယားကို ပိုင်းခြားထားသည့် ပီအူဆာမြစ်ကူးတံတားပေါ်တွင် အကျဉ်းသားနှစ်ယောက်ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်ဟု ဆိုသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly