မြန်မာ့သနပ်ခါးလောက ဖွံ့ဖြိုးတိုးတက်လာစေရန် Helvetas Myanmar မှ ကန်ဒေါ်လာ ၅သန်း ကူညီမည်

မြန်မာ့သနပ်ခါးလောက ဖွံ့ဖြိုးတိုးတက်လာစေရန် Helvetas Myanmar မှ ကန်ဒေါ်လာ ၅သန်း ကူညီမည်

မန္တလေး၊ ဒီဇင်ဘာ ၃ ။            ။ မြန်မာ့သနပ်ခါးလောက ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စျေးကွက်ရှာဖွေနိုင်ရန်အတွက် Helvetas Myanmar မှ ၂၀၁၉ခုနှစ်တွင် ဒေါ်လာငါးသန်း ရင်းနှီးမြုှပ်နှံကူညီပေးသွားဖို့ ရှိသည်ဟု Helvetas Myanmar က Project Manager ဦးဇော်မင်းဦးက ပြောသည်။

"သနပ်ခါးနဲ့ပတ်သက်ပြီးလို့မှ မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း၊ နောက်ပြီးတော့ မှ သနပ်းခါးကုမ္ပဏီ ၃ခုနဲ့အတူ ဒေါ်လာ ငါးသောင်း စျေးကွက်ရှာဖွေဖို့အတွက်ကို ရင်းနှီးမြုပ်နှံဖို့ ရှိပါတယ်။"ဟု ဦးဇော်မင်းဦးကပြောသည်။

၂၀၁၉ခုနှစ်အတွက် လျာထားထားသည့် အဆိုပါ ဒေါ်လာငါးသောင်းကို သနပ်ခါးဗီဇနှင့်ရိုးရာ အသိပညာ ထိန်းသိမ်းစောင့်ရှောက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း၊ရေရှည်ကောင်းမွန်သော သနပ်ခါး တန်ဖိုး ကွင်းဆက် လုပ်ငန်းစဉ်များ ရေးဆွဲဖော်ထုတ်ခြင်း၊ပြည်ပစျေးကွက်မှ တောင်းဆိုသောထောက်ခံချက် လက်မှတ်များ ပြုစုခြင်း၊ပြည်ပဝယ်လက်များ ဖိတ်ခေါ်ခြင်း၊ပြည်ပ ကုန်စည်ပြပွဲများ ပို့ဆောင်ပေးခြင်း ၊ပို့ကုန်မြှင့်တင်ရေး နည်းဗျူဟာ သင်တန်းများ ပို့ချခြင်းနှင့်အထောက်အကူပြု ဝန်ဆောင်မှုအဖွဲ့များအား စွမ်းရည်မြှင့် သင်တန်းများ ပို့ချခြင်းတို့တွင် အသုံးပြုသွားမည်ဖြစ်သည်။

"အခုချိန်ထိတော့ တရားဝင်ပွင့်ပွင့်လင်းလင်း Helvetas Myanmarနဲ့ ကျွန်တော်အသင်း MoU ထိုးထားခြင်း မရှိသေးပါဘူး။"ဟု မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောသည်။

မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနှင့်Helvetas Myanmar တို့ပူးပေါင်းပြီး သနပ်ခါးလောက ဖွံ့ဖြိုးလာစေရန်အတွက် ရှေ့ဆက်လုပ်ဆောင်မည့် အချက်အလက်များ ညှိနှိုင်း အစည်း အဝေးပွဲကို ဒီဇင်ဘာလ ၃ ရက်၊နံနက် ၁၀ နာရီက မန္တလေးမြို့၊စားသုံးသူရေးရာဦးစီးဌာန၊အစည်းအဝေးခန်းမ တွင် ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းနှင့်Helvetas Myanmar မှ တာဝန်ရှိသူများ၊မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌနှင့်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly