ဆီးရီးယားမှာ ချည်းကပ်လာနေတဲ့ စစ်ပွဲတွေကနေ ရှေးဟောင်းသုတေသနပြတိုက်ကို ကာကွယ်ရေး လူငယ်တစ်စု ကြိုးပမ်းနေ

ဆီးရီးယားမှာ ချည်းကပ်လာနေတဲ့ စစ်ပွဲတွေကနေ ရှေးဟောင်းသုတေသနပြတိုက်ကို ကာကွယ်ရေး လူငယ်တစ်စု ကြိုးပမ်းနေ

ဒမတ်စကပ်၊ ဒီဇင်ဘာ ၁ ။             ။ ဆီးရီးယားအစိုးရတပ်တွေနဲ့ အတိုက်အခံတပ်ကြားက စစ်ပွဲတွေ နီးကပ်လာနေချိန်မှာ နိုင်ငံမြောက်ပိုင်းက အက်ဒလစ်ပ်ပြည်နယ်မှာတော့ ရှေးဟောင်းသုတေသနပြတိုက်တစ်ခုကို လူငယ်တစ်စုက အကာအကွယ်ပေးနိုင်ရေး ကြိုးပမ်းလျက် ရှိနေပါတယ်။

အတိုက်အခံတွေ ထိန်းချုပ်ရာ နောက်ဆုံးပြည်နယ်ဖြစ်တဲ့ အဲဒီ အက်ဒလစ်ပ်ပြည်နယ်မှာ လများစွာကတည်းက ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဒီပြတိုက်ကို အကာအကွယ် ပေးနေတာဖြစ်ပြီး သြဂုတ်လအတွင်းက ပြတိုက်ကို ပြန်ဖွင့်နိုင််ခဲ့တာကြောင့် သူတို့ရဲ့ ကြိုးပမ်းချက်တွေ အောင်မြင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

“တက္ကသိုလ်ကျောင်းတွေနဲ့ အထက်တန်းကျောင်းတွေက ကျောင်းသားကျောင်းသူတွေ အပတ်စဉ် ၃၀၀ လောက် လာကြပြီး ပြတိုက်မှာ ပြန်လည်ခင်းကျင်းပြင်ဆင်မှုတွေကို အကူအညီ ပေးကြတာဖြစ်ပါတယ်။ ဒီလို လူငယ်တွေရဲ့ စိတ်စေတနာအတွက် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်။”လို့ ပြည်တိုက်အုပ်ချုပ်ရေး ညွှန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ အက်ဒူဆာလမ်က ပြောပါတယ်။

ဒါပေမယ့် သူတို့တွေရဲ့ ပြတိုက်ကို အကာအကွယ်ပေးရေး လုပ်ငန်းစဉ်ဟာ ထင်သလောက် လွယ်ကူတာတော့ မဟုတ်ပါ။ ဥရောပက အသင်းအဖွဲ့တွေထံကနေ ထောက်ပ့ံငွေကြေးမရတာကြောင့် ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရတာပဲ ဖြစ်ပါတယ်လို့လည်း ၎င်းက ဆိုပါတယ်။

ဒီပြတိုက်မှာဆိုရင် ၁၉၇၅ ခုနှစ်မှာ အနီးနားက အီဘလာမြို့မှာ အီတလီရှေးဟောင်းသုတေသနပညာရှင်တစ်ဦး တူးဖော်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းပါရှားစာနဲ့ ရေးထားတဲ့ နှစ်် ၄၀၀၀ သက်တမ်းရှိ စာအုပ်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly