မကွေး၌ မြေပိုင်ဆိုင်ခွင့်ချထားပေးခြင်းအပေါ် မကျေနပ်၍ တောင်သူတစ်ဦးက တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

မကွေး၌ မြေပိုင်ဆိုင်ခွင့်ချထားပေးခြင်းအပေါ် မကျေနပ်၍ တောင်သူတစ်ဦးက တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

ဒီဇင်ဘာ ၁ ။                 ။ မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့၊ ချောင်းနက်အရှေ့စုကျေးရွာနေ အသက် ၉၁ နှစ်အရွယ် တောင်သူ ဦးစံသိန်းသည် ၎င်းပိုင် မြေယာများကို သီးစားလုပ်ကိုင်နေသူများထံသို့ မြေပိုင်ဆိုင်ခွင့်ချထားပေးခြင်းအပေါ် ကျေနပ်ခြင်းမရှိသည့်အတွက် နိုဝင်​ဘာလ ၃၀ ရက်က တတိယအကြိမ်အဖြစ် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

တောင်​တွင်​း-မ​ကွေးကားလမ်​း၊ဘူတာပတ်​လမ်​း ထိပ်​မြို့နယ်​လျှပ်​စစ်​ရုံးအနီးမှစတင်၍ ကားလမ်း အတိုင်း ဆန္ဒထုတ်ဖော်လမ်းလျှောက်လာခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးရှေ့တွင် ရပ်တန့်၍ ဟောပြောခဲ့ကြောင်း၊ ယင်းနောက် ပုဏ္ဍဝတီလမ်းတစ်လျှောက် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး မြို့နယ်တရားရုံးရှေ့တွင် ထပ်မံဟောပြောခဲ့ကြောင်း၊ နံနက် ၁၀ နာရီခွဲခန့်တွင် ဆန္ဒထုတ်ဖော်ခြင်း ပြီးဆုံးခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ဘိုးဘွားပိုင်မြေသည် သားသမီးများသာ ပိုင်ဆိုင်ခွင့်ရှိသည်ဆိုသည့် စာတမ်းကို ရင်ဘတ်တွင်ချိတ်ဆွဲ၍ လည်းကောင်း၊  သီးစားသမားများသည် လုပ်ပိုင်ခွင့်သာရှိသည်၊ ပိုင်ဆိုင်ခွင့်မဖြစ်နိုင်ဆိုသည့် စာတမ်းကို နောက်ကျောဘက် တွင်ချိတ်ဆွဲ၍လည်းကောင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်​​ကြောင်​း​သိရသည်​။

" ဘိုးဘွားပိုင်မြေများသည် သားသမီးများသာ ပိုင်ဆိုင်ခွင့် ရှိတယ်။ သီးစားသမားကို မြေပိုင်ရှင်သဘောထားပြီး ပိုင်ဆိုင်ခွင့်ပေးနေတာကတော့ လုံးဝမဖြစ်နိုင်တဲ့အပြင် မဖြစ်သင့်ပါဘူး။ နေ့ဆန္ဒထုတ်ဖော်ရတာကလည်း ကျွန်တော်ပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်ယာမြေတွေကို သီီးစားလုပ်ကိုင်နေသူများ အတွက် ပိုင်ဆိုင်ခွင့်ထားပေးခဲ့ခြင်းအပေါ် ကျေနပ်ခြင်းမရှိတဲ့အတွက် ဆန္ဒထုတ်ဖော်တာပါ” ဟု တောင်သူ ဦးစံသိန်းက ပြောသည်။

ထိုသို့ တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒပြမှုမှာ တတိယအကြိမ်​ဖြစ်​ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၄ ရက်က တစ်​ကြိမ်​၊၂၀၁၈ခုနှစ်​ ဧပြီလ ၉ရက်​​နေ့ကတစ်​ကြိမ်တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပါ အချို့အချက်များသည် တရားမျှတ မှုမရှိဟု ထင်မြင်မိကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေစဉ်တွင် မြေပိုင်ရှင်က လယ်ယာမဲ့ဖြစ်နေသည်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ လယ်ယာမြေဥပဒေကို ကမ္ဘာ့ဒီမိုကရေစီစနစ်နှင့်သွားမည်လား၊ မြန်မာ့ဒီမိုကရေစီစနစ်နှင့် သွားမည်လားဆိုသည်ကို အထူးထည့်သွင်းစဉ်းစားပေးစေလိုကြောင်း ဒုတိယအကြိမ်ဆန္ဒထုတ်​​ဖော်​စဉ်​က​တောင်​သူ ဦးစံသိန်း​က ပြောသည်။

ယခုတတိယအကြိမ်​ဆန္ဒထုတ်​​ဖော်​ခြင်​းတွင်​ကမ်​း​ဝေခဲ့​သောလက်​ကမ်​းစာ​စောင်​များတွင်​ သီးစားသမားသည်​ လုပ်​ပိုင်​ခွင်​့သာရှိပြီးပုံစံ(၇)မပြနိုင်​သည်​့အတွက်​ပိုင်​ဆိုင်​သူမဖြစ်​နိုင်​​ကြောင်​း၊ဦး​နေဝင်​း​ပြောသွားသည်​့လယ်​ယာ​မြေဥပ​ဒေသည်​​ ကောက်​ရိုးမီးသဖွယ်​ဖြစ်​​ကြောင်​း၊ဦးသိန်​းစိန်​​ရေးဆွဲခဲ့​သောလယ်​ယာ​မြေဥပ​ဒေသည်​ လျှပ်​စစ်​မီးကဲ့သို့တ​ငွေ့​ငွေ့​လောင်​ကျွမ်​း​နေပြီး ၎င်းဥပ​ဒေမှာစစ်​အစိုးရအုပ်​ချုပ်​ချိန်​​ ရေးဆွဲ​သောဥပ​ဒေဖြစ်​​ကြောင်​းပါရှိသည်​။

၎င်းအပြင် လယ်​ယာ​မြေဥပ​ဒေသည်​ ပြည်​သူများနစ်​နာမှူ မရှိစေ​ရေးဆိုသည်​့စကားရပ်​နှင်​့ကိုက်​ညီမှူ မရှိ​ကြောင်​း၊ မြေပိုင်​ရှင်​များ ငတ်​ပြတ်​​နေသ​လောက်​ သီးစားသမားများ ကြွယ်​ဝချမ်​းသာ​နေကြသဖြင့် လယ်​ယာ​မြေဥပ​ဒေကို လက်​ရှိဒီမိုက​ရေစီအစိုးရက ပြင်​ဆင်​​ပေးရန်​ တောင်းဆိုခြင်​းဖြစ်​သည်​ဟု ပါရှိသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly