ရုရှားကို ဆန့်ကျင်ပြီး ကြီးမားတဲ့ အကူအညီတွေပေးဖို့ ယူကရိန်း တောင်းဆိုချက်ကို ဥရောပခေါင်းဆောင်တွေ ငြင်းပယ်

ရုရှားကို ဆန့်ကျင်ပြီး ကြီးမားတဲ့ အကူအညီတွေပေးဖို့ ယူကရိန်း တောင်းဆိုချက်ကို ဥရောပခေါင်းဆောင်တွေ ငြင်းပယ်

ရုရှားနဲ့ ရေပြင်အငြင််းပွားနေတဲ့ ယူကရိန်းနိုင်ငံဟာ စစ်သင်္ဘောများ စေလွှတ်ပေးဖို့ နေတိုးထံ တောင်းဆိုထားပါတယ်။

ဒါပေမယ့် ရုရှားကို ဆန့်ကျင်တဲ့ ယူကရိန်းရဲ့ ကြီးမားတဲ့ အထောက်အပံ့ တောင်းဆိုတာကို ဥရောပခေါင်းဆောင်တွေက ကြာသပတေးနေ့မှာ ခါးခါးသီးသီး ငြင်းပယ်လိုက်ပါတယ်။

ယူကရိန်းသမ္မတ ပိုရိုရှန်ကိုရဲ့ နေတိုးစစ်သင်္ဘောတွေ စေလွှတ်ပေးဖို့ တောင်းဆိုပြီးနောက်မှာ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ယူကရိန်းကို ဆင်ဆင်ခြင်ခြင် လုပ်ဖို့ ပြောဆိုတိုက်တွန်းပါတယ်။

ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်သစ်တွေ ချမှတ်ဖို့ကိုလည်း အီးယူခေါင်းဆောင်တွေ သဘောတူညီခဲ့ခြင်း မရှိပါဘူး။

ခရိုင်းမီးယား ကမ်းလွန်မှာ ယူကရိန်းစစ်သင်္ဘာသုံးစင်းကို ရုရှားက ပစ်ခတ်ပြီး သင်္ဘောတွေနဲ့အတူ အမှုထမ်းတွေကို ဖမ်းဆီးထားတာကြောင့် နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ မြင့်တက်နေပ ါတယ်။

ဒီလို တင်းမာနေတဲ့ ကြားမှာပဲ ယူကရိန်းဟာ ကြာသပတေးနေ့မှာ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပါတယ်။

ရုရားှနဲ့  နယ်စပ်တစ်လျှောက် နယ်မြေတွေကိုလည်း ယူကရိန်းဟာ စစ်အုပ်ချုပ်ရေး ပြဌာန်းထားတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly