သာပေါင်းတွင် စည်းကမ်းနှင့်မညီသော အင်းများကို စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး အရေးယူမည်ဟု ဝန်ကြီးပြော

By စည်သူမောင်မောင်မောင်
28 November 2018
သာပေါင်းတွင် စည်းကမ်းနှင့်မညီသော အင်းများကို စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး အရေးယူမည်ဟု ဝန်ကြီးပြော

ပုသိမ်၊ နိုဝင်ဘာ ၂၈ ။          ။ သာပေါင်းမြို့နယ်အတွင်း ခွင့်ပြုထားသော အင်းများ၌ စည်းကမ်းနှင့်အညီ ဆောင်ရွက်မှု ရှိ၊ မရှိအား စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး အရေးယူသွားမည်ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်အောင်ဝင်းက ပြောသည်။

သာပေါင်းမြို့နယ်အတွင်း အင်း၊တင်ဒါ လုပ်ကိုင်သူများ လိုက်နာရမည့်စည်းကမ်းချက်များနှင့် ခွင့်ပြုထားသည့် ကိရိယာအမျိုးအစားများအတိုင်း ဆောင်ရွက်ခြင်းရှိ၊ မရှိကို သာပေါင်းမြို့နယ်တိုင်းကိုယ်စားလှယ်က  မေးမြန်းခဲခြင်းအပေါ် ဝန်ကြီးက ပြန်လည်စိစစ်ရန် သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာန စစ်ဆေးရေးအဖွဲ႔ ဖွဲ႔စည်း ပြီး ဆက်လက် ကွင်းဆင်း ဆောင်ရွက်အရေးယူသွားရန် စီစဉ်ညွှန်ကြားသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

သာပေါင်းမြို့နယ်၊ တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက “ခွင့်ပြုထားသော ငါးဖမ်းကိရိယာများကို သုံးစွဲမှု မပြုခြင်း၊ တရားဝင်ခွင့်ပြုချက်ထက် ကျော်လွန်ကာ စည်းကမ်းမဲ့စွာ လုပ်ကိုင်ေနေကြခြင်း၊ အရေးယူဆောင်ရွက်ရန် တာဝန်ရှိသော ဌာနဆိုင်ရာအနေဖြင့် မသိကျိုးကျွံပြုကာ အရေးယူဆောင်ရွက်မှု မရှိခြင်းကြောင့် အကျိုးဆက်အနေဖြင့် အင်းချောင်းကို အမှီပြု သွားလာရသော ဒေသခံများ သွားရေးလာရေးအခက်အခဲကြုံတွေ႔ရခြင်း၊တောင်သူများ စိုက်ပျိုးရာသီတွင် အတိ ဒုက္ခရောက်ရခြင်း၊ အင်း၊ ချောင်းများ စောလျင်စွာ တိမ်ကောလာနိုင်ခြင်း၊ ငါးသယံဇာတ၊ ရေသယံဇာတများ ပြုန်းတီးခြင်း စသော ဆိုးကျိုးများကို ကြုံတွေ နေကြရပါသည်”ဟု မေးမြန်းခဲ့သည်။

ထိုသို့ သတ်မှတ်ထားသည့် အင်းစည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ သတ်မှတ်ချက်ထက် ကျော်လွန်ကာ စည်းကမ်းမဲ့စွာ လုပ်ကိုင်နေခြင်းများအပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို မေးမြန်းခဲ့သည်။

“ အင်း တစ်အင်းချင်း အလိုက် ကိရိယာအမျိုးအစားနှင့် စည်းကမ်းချက်များ ရှိပါတယ်။ အင်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်သူတိုင်း သတ်မှတ်ထားသည့်ကိရိယာအမျိုးအစားနှင့် စည်းကမ်းချက်များအတိုင်းလိုက်နာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ သတ်မှတ်ထားသည့် အင်းစည်းကမ်းချက်များနှင့် ကိရိယာအမျိုးအစားအတိုင်း ဆောင်ရွက်မှသာလျှင် ရေစီးရေလာများ အဟန် ့အတားဖြစ်ခြင်းမှ လျော့နည်းသက်သာမည်ဖြစ်ကာ  ရေသယံဇာတများ လေလွင့်ပြုန်းတီးခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပြီး၊လယ်သမားများ ရေလုံလောက်စွာ ရရှိမှာဖြစ်တဲ့အပြင် စိုက်ပျိုးရာသီတွင် လှေလမ်းများ လုံလောက်စွာ ရရှိမှာဖြစ်ပါတယ်” ဟု သာပေါင်း ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက တိုင်းလွှတ်တော်တွင် ပြောသည်။

လက်ရှိအချိန်တွင် သာပေါင်းမြို့နယ်တွင် အင်းပေါင်း ၁၇၉ အင်းနှင့် တင်ဒါချက် ၄၃ချက်ရှိပြီး လုပ်ကိုင် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

ထို့ပြင် ရေလုပ်ငန်းလုပ်ကိုင်သူများက စည်းကမ်းမလိုက်နာခြင်း၊ ခွင့်ပြုကိရိယာထက် ကျော်လွန် လုပ်ဆောင်ခြင်း၊ လွဲမှားလုပ်ဆောင်ခြင်းများကြောင့် ကျပ် သိန်းထောင်ချီအကုန်ကျခံကာ တူးဖော်ထားသော ချောင်းမြောင်းတွေ အချိန်မတိုင်မီ တိမ်ကောပျက်စီးမည်ကို လွန်စွာ စိုးရိမ်နေရကြောင်းပါ မေးခွန်းရှင်က ထောက်ပြဆွေးနွေးခဲ့ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly