မန္တလေးမြို့တွင် အဲယားကွန်း အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့

မန္တလေးမြို့တွင် အဲယားကွန်း အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့

 

 

 

မန္တလေး၊နိုဝင်ဘာ ၂၈ ။           ။ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ အကွက်အမှတ်(၇၅၄)၊ (၆၈)လမ်း၊ (၃၃)လမ်း နှင့် (၃၄)လမ်းကြားတွင် (၂၀၁၈)ခုနှစ် နိုဝင်ဘာ(၂၈)ရက် နံနက်(၁၀)နာရီ (၂၈)မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဦးဝမ်းထက်အောင် (၂၇)နှစ်၏ (၂၄×၃၆)ပေ နံကပ် (၁)ထပ် အပေါ်ထပ်ခိုး ရုံးခန်းအတွင်း အဲယားကွန်းဖွင့်ထားရာမှာ Indoor အဲယားကွန်းအတွင်းရှိ ပန်ကာ၊ မော်တာအပူလွန်ကဲရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။

 မီးလောင်မှုကြောင့် အဲယာကွန်းတစ်လုံး မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်(၇)သောင်း ဆုံးရှုံးခဲ့သည်။

 အဆိုပါ မီးလောင်မှုသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ် (၈)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ အုပ်ချုပ်မှုယာဉ် (၂)စီး၊ သန္ဓေ (၂၀)ဦး၊ အရန် (၄၀)ဦး တို့ဖြင့် သွားရောက် ငြိမ်းသတ်ခဲ့ရာ နံနက်(၁၀)နာရီ (၃၃)မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။

 ဖြစ်စဉ်အတွက် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)ရဲစခန်းတွင် ပိုင်ရှင် ဦးဝမ်းထက်အောင် (၂၇)နှစ်အား (ပ)၈၂၁/၂၀၁၈၊ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
    

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly