တရုတ်ပြည်ရှိ ဓာတုစက်ရုံ မီးလောင်ပေါက်ကွဲရာ ၂၂ ဦးသေဆုံး၊ ၂၂ ဦးဒဏ်ရာရ

တရုတ်ပြည်ရှိ ဓာတုစက်ရုံ မီးလောင်ပေါက်ကွဲရာ ၂၂ ဦးသေဆုံး၊ ၂၂ ဦးဒဏ်ရာရ

နိုဝင်ဘာ ၂၈ ။                ။ ယနေ့မနက်အစောပိုင်းမှာပဲ တရုတ်ပြည်၊ ကျန်းကျားကိုမြို့၊ ဟယ်ပေပြည်နယ်ရှိ ဓာတုစက်ရုံကြီး မီးလောင်ပေါက်ကွဲခဲ့ရာ ၂၂ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမီးလောင်ပေါက်ကွဲမှုဟာ မနက်တစ်နာရီမထိုးခင် ၁၉ မိနစ်အလိုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ဆောင်ထားတယ်လို့ ရှင်ဟွာသတင်းဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

အဆိုပါဓာတုစက်ရုံနားက ထရပ်ကား ၃၈ စီးနဲ့ အခြားယာဉ် ၁၂ စီးလည်း မီးလောင်ပြာကျသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါမီးကို ငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

ကျန်းကျားကိုမြို့ဟာ ပေကျင်းမြို့ရဲ့ အနောက်မြောက်ဘက်ခြမ်းမှာ တည်ရှိပြီး ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပသွားမယ့် မြို့ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly