လပွတ္တာမြို့နယ်မှ သားဖွားဆရာမအားတိုင်ကြားထားမှုကို တိုင်းလွှတ်တော်သို့ အစီရင်ခံစာ တင်ပြ

By စည်သူမောင်မောင်မောင်
27 November 2018
လပွတ္တာမြို့နယ်မှ သားဖွားဆရာမအားတိုင်ကြားထားမှုကို တိုင်းလွှတ်တော်သို့ အစီရင်ခံစာ တင်ပြ

ပုသိမ်၊နိုဝင်ဘာ ၂၇ ။          ။  လပွတ္တာမြို့နယ်၊ကျောက်တန်းကြီးကျေးရွာအုပ်စု၊နေရာပျံချီကျေးရွာမှ သားဖွားဆရာမအား တိုင်ကြားမှုကို လူမှုရေး၊ပညာရေး၊ ကျန်းမာရေးနှင့်သဘာဝဘေးအန္တရာယ် ကာကွယ်ရေးရာ ကော်မတီ၏ စစ်ဆေးတွေ႔ ရှိချက်အား တိုင်းလွှတ်တော်သို႔ တင်သွင်းခဲ့ကြောင်း သိရသည်။

“စစ်ဆေးတွေ႔ရှိချက်များအရ ကလေးမီးဖွားခြင်းအတွက် ငွေကြေးလက်ခံရယူနေကြောင်း သုံးသပ် ရပါသည်။ INGOအဖွဲ့များမှ ထောက်ပံ့ပေးသော ငွေကြေးများတောင်းခံရန်အတွက်သားဖွားဆရာမ ဒေါ်စန္ဒာဝင်းမှ ထောက် ခံချက်များရယူရာတွင် ငွေကြေးတောင်းခံခဲ့သည်မှာမှန်ကန်ကြောင်းသုံးသပ် ရပါသည်” ဟု ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးရာ ကော် မတီမှ ဦးခင်မောင်ဇော်က တိုင်ကြားစာနှင့်ပတ်သက်ပြီး စစ်ဆေးတွေ႔ရှိချက်၊ သုံးသပ်ချက်အကြံပြုချက်အား ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သို႔ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ကော်မတီက အကြံပြုချက်များတွင် ကလေးမွေးစာရင်းပြုလုပ်ခြင်း၊ကလေးမီးဖွားခြင်းများတွင် ငွေကြေးရယူ မှုများဖြစ်ပေါ်လျက် ရှိခြင်းကြောင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အလားတူကိစ္စရပ်များ မဖြစ်ပေါ် စေရေးအတွက် ကြီးကြပ်ဆောင်ရွက်သင့်ကြောင်း ၊ ထို့အပြင် ကိုယ်ဝန်ဆောင်များအတွက် ကျန်းမာရေး စောင့် ရှောက်မှုပေးရာတွင် ငွေကြေးတောင်းခံမှုများကို စိစစ်တွေ ့ရှိရသောကြောင့် နိုင်ငံတော်မှ ကျခံဝယ်ယူ သုံးစွဲ သော ဆေးဝါးများ အလေလွင့်မရှိပဲပြည်သူများထံ အခမဲ့ရရှိနိုင်ရေးအတွက် ဌာနမှကြီးကြပ် ဆောင်ရွက် သင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော်တွင်တင်ပြခဲ့သည်။

“စစ်ဆေးတွေ႔ရှိချက်၊သုံးသပ်ချက်များအရ သားဖွားဆရာမဒေါ်စန္ဒာဝင်းသည် ငွေးကြေးတောင်းခံခြင်း၊ ကျေးရွာ နေပြည်သူများနှင့် ဆက်ဆံရေးမပြေလည်ခြင်း ယခင်တာဝန်ထမ်းဆောင်ခဲ့သော ကျောက်မှော် ကျန်းမာရေး ဌာနခွဲနှင့် ကျောက်ဖြူကျန်းမာရေးဌာနခွဲများတွင်လည်း ငွေကြေးတောင်းခံမှုများကြောင့် အကြိမ်ကြိမ် တိုင်ကြား ခံရပြီး ပြောင်းရွှေခဲ့ရကြောင်းထင်ရှားသဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ထိရောက်သော အရေးယူမှု ဆောင်ရွက်သင့်ကြောင်း အကြံပြုပါတယ်”ဟု ဦးခင်မောင်ဇော်က ပြောကြားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly