နိုဝင်ဘာ ၂၇ ။ ။ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းက စတုရန်း ကီလိုမီတာ ၂၃၀,၀၀၀ ကျယ်ဝန်းတဲ့ နယ်မြေဧရိယာကြီးတစ်ခုမှာတော့ သန်းပေါင်းများစွာသော ခြတောင်ပို့တွေနဲ့ပဲ ပြည့်နှက်နေလျက် ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဘရာဇီးမှာ အဆိုပါ ခြတောင်ပို့တွေနဲ့ တစ်စုတစ်ဝေးတည်း ရှိနေတဲ့ မြေဧရိယာအကျယ်အဝန်းကတော့ ဗြိတိန်နိုင်ငံ အရွယ်အစားနီးနီးလောက်တောင် ကျယ်ဝန်းနေလျက် ရှိကြောင်းလည်း သိရပါတယ်။
ဒါဟာ ခြကောင်လေးတွေ နှစ်ပေါင်းများစွာချီ မနားမနေ အလုပ်ကြိုးစားခဲ့ကြတဲ့အတွက် ဒီလိုမျိုး မြောက်မြားလှစွာသော ခြတောင်ပို့တွေကို ဒီလောက် ကျယ်ပြောလှတဲ့ မြေနေရာအကျယ်အဝန်းတစ်ခုမှာ တွေ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ယင်းဧရိယာမှာ သစ်တောတွေ ပြုန်းတီးသွားမှုကြောင့်လည်း ဒီလိုမျိုး ခြတောင်ပို့တွေကို မျက်စိတစ်ဆုံး တစ်မျှော်တစ်ခေါ် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရတာလည်း ဖြစ်ပါတယ်။
အရွယ်အစား သေးငယ်လှတဲ့ ခြကောင်ငယ်လေးတွေဟာ နှစ်တွေအများနဲ့ချီပြီး ယင်း နယ်မြေဧရိယာမှာ မြေအောက် လှိုဏ်ခေါင်း ကွန်ရက်ကြီးတစ်ခုကို ဖန်တီးထားခဲ့ကြတာဖြစ်ပြီး ယင်းရဲ့ ရလဒ်အနေနဲ့ကတော့ မြေပြင်ပေါ်ကို ခြတောင်ပို့ပေါင်း သန်း ၂၀၀ လောက် ပေါ်ထွက်လာစေခဲ့တာဖြစ်ပါတယ်။