အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နီပေါသို့ သွားရောက်မည်

အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နီပေါသို့ သွားရောက်မည်
ဓာတ်ပုံ - AFP

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ များမကြာမီ ကာလအတွင်း နီပေါနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ခတ္တမန္ဒူမြို့ မှာ ကျင်းပမယ့် ၂၀၁၈ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို တက်ရောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါ ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီရဲ့ ဖိတ်ကြားချက်အရ ယခု နီပေါခရီးစဉ်ကို သွားရောက်မှာလည်း ဖြစ်ပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန် ယူပြီးနောက်ပိုင်း နီပေါသို့ ပထမဆုံး သွားရောက်မယ့် ခရီးစဉ်ဖြစ်ပြီး ယခုခရီးစဉ်မတိုင်ခင် သူမဟာ ၂၀၁၄ ဇွန်လတုန်းက အတိုက်အခံပါတီခေါင်းဆောင်အဖြစ်  ခတ္တမန္ဒူသို့ သွားရောက်ထားခဲ့ပါသေးတယ်။

ယခုနှစ် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးရဲ့ အဓိက ဆိုလိုရင်းက လွတ်လပ်ရေး၊ အပြန်အလှန် သာယာဝပြောစေရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးများ အပါအဝင် အရေးကြီးတဲ့ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေး ဖြစ်ပါတယ်။

ယင်း ထိပ်သီးအစည်းအဝေးကိုတော့ အာရှ-ပစိဖိတ်ဒေသတွင်းက နိုင်ငံ့ခေါင်းဆောင်တွေ၊ အစိုးရတွေ၊ ဥပဒေပြု အမတ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ ပါဝင်တက်ရောက်ကြမှာဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နီပေါနိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် ယခုအခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ် ထပ်မံပေါ်ပေါက်လာတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly