ယူဂန်ဒါက ဗစ်တိုးရီးယားကန်ထဲမှာ ရေယာဉ်နစ်မြုပ်ပြီး လူ ၂၂ ဦးထက်မနည်း သေ

ယူဂန်ဒါက ဗစ်တိုးရီးယားကန်ထဲမှာ ရေယာဉ်နစ်မြုပ်ပြီး လူ ၂၂ ဦးထက်မနည်း သေ

နိုဝင်ဘာ ၂၅ ။         ။ ယူဂန်ဒါနိုင်ငံ ဗစ်တိုးရီးယား ရေကန်ကြီးထဲမှာ ယမန်နေ့က ရေယာဉ် တစ်စင်း တိမ်းမှောက်နစ်မြုပ်ပြီး လူ ၂၂ ဦး သေဆုံးကာ ခြောက်ဆယ်ကျော် ရေနစ်ပျောက်ဆုံးနေဖွယ် ရှိတယ်လို့ ယူဂန်ဒါ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါ ရေယာဉ်ဟာ လူ ၁၀၀ နီးပါးလောက်ကို တင်ဆောင်လာခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်က ဆိုးရွားတဲ့ ရာသီဥတုနဲ့ ကြုံပြီး ခုလို အဖြစ်ဆိုး ကြုံလိုက်ရတာလည်း ဖြစ်ပါတယ်။

ဒါဟာ အာဖရိကရဲ့ အကြီးဆုံံး ကန်ကြီးထဲမှာ နောက်ဆုံံး ကြုံတွေ့လိုက်ရတဲ့ လူအသေအပျောက် အများဆုံး ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ်လည်း ဖြစ်ပါတယ်။

“ အလောင်း ၂၂ လောင်း ပြန်ရထားပြီးပါပြီ၊ ၂၆ ယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်၊ အသက်ရှင် လွတ်လာသူတစ်ယောက်ရဲ့ အပြောအရ ခရီးသည် အယောက် ၉၀ လောက်ရှိတယ်လို့ သိရပါတယ်” ဆိုပြီး ယူဂန်ဒါ ရဲတပ်ဖွဲ့ ရဲအရာရှိ အူစမန် မူဂျန်ယီက ပြောပါတယ်။

ရေယာဉ်ပေါ်မှာတော့ ပါတီပွဲသွားသူတွေ လိုက်ပါသွားတာဖြစ်ပြီး လမ်းမှာ သောက်စားကခုန်လာကြရင်း ခုလိုမျိုး ရေယာဉ်တိမ်းမှောက်နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

လူမတန်မဆ တင်ဆောင်လာမှု၊ ရာသီဥတု ဆိုးရွားမှုတို့ကြောင့် ခုလို ကြုံလိုက်ရတာဖြစ်ကြောင်း မူဂျန်ယီက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly