ကလေးဝတွင် ဘုရားဖူးယာဉ်တိမ်းမှောက်၊တစ်ဦးသေဆုံး

ကလေးဝတွင် ဘုရားဖူးယာဉ်တိမ်းမှောက်၊တစ်ဦးသေဆုံး

မုံရွာ၊ နိုဝင်ဘာ ၂၃ ။                  ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် ကားလမ်းမပေါ်တွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက် ၍ အမျိုးသမီးတစ်ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ကလေးဝမြို့မရဲစခန်းမှ သိရသည်။

နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ရနာရီခွဲက ကလေးဝမြို့နယ်၊ သက္ကယ်ကျင်း-ဖောင်းပြင်ကားလမ်း အောင်ချမ်း သာကျေးရွာနှင့် ၃မိုင်ခန့်အကွာတွင် ကျွန်းလှမြို့နယ် နောင်ကောက်ကျေးရွာနေ ယာဉ်မောင်း မိုးဝင်း(ခ) လှမျိုးအောင် ၄ဝနှစ် မောင်းနှင်သော ယာဉ်အမှတ်9G/... ကင်တာ အဖြူရောင် ခြောက်ဘီးကားသည် မဟာမြိုင်တောရှိ အောင်စင်္ကြာစေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲသို့ ဘုရားဖူးလာရောက်စဉ် အရှိန်လွန်၍ လမ်းဘေးမြောင်းထဲထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ဘုရားဖူးခရီးသည် ၂၀ ဦးမှ နောင်ကောက်ကျေးရွာနေ ဒေါ်ဝင်းရီ ၆၃နှစ်မှာ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေဆုံးခဲ့ပြီး ၉ဦးမှာမစိုးရိမ်ရဒဏ်ရာများရရှိခဲ့ကာသေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရသူများအားအောင်ချမ်းသာရဲကင်းနှင့်သက္ကယ်ကျင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့အဖွဲ့မှ ပြည်သူ့ ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယာဉ်မောင်းသူ မိုးဝင်း(ခ)လှမျိုးအောင် ၄၀ နှစ်အား ကလေးဝမြို့မရဲစခန်းမှ ယာဉ်(ပ)၁၅/၂၀၁၈ရာဇသတ်ကြီးပုဒ်မ၃၀၄(က) ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly