ရထားသံလမ်းပေါ် ပြုတ်ကျသွားခဲ့ပေမယ့် ကံအားလျော်စွာ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ အိန္ဒိယ ကလေးငယ်

ရထားသံလမ်းပေါ် ပြုတ်ကျသွားခဲ့ပေမယ့် ကံအားလျော်စွာ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ အိန္ဒိယ ကလေးငယ်

နိုဝင်ဘာ ၂၂ ။          ။ အိန္ဒိယနိုင်ငံက ဘူတာရုံတစ်ရုံမှာ ကလေးငယ်တစ်ဦး ရထားသံလမ်းပေါ် မတော်တဆ ကျသွားခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ သံလမ်းပေါ် ဖြတ်မောင်းသွားတဲ့ ရထားနဲ့ မကြိတ်မိဘဲနဲ့ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

ဥတာ ပရာဒက်ရှ် ပြည်နယ်က ဘူတာရုံတစ်ရုံမှာ ရထားဝင်လာနေစဉ်မှာပဲ နို့စို့အရွယ် ကလေးတစ်ဦး ရထားသံလမ်းပေါ် ကျသွားခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ အဆိုပါ ကလေးငယ်လေးရဲ့ မိဘတွေဟာ ရထားပေါ်ကနေ အဆင်းမှာပဲ ၎င်းတို့လက်ထဲမှာ ချီထားတဲ့ ကလေးငယ်ဟာ ပလက်ဖောင်းနဲ့ ရထားတွဲဆိုင်းကြား ကွက်လပ်ထဲ ပြုတ်ကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယင်းအခိုက်အတန့်မှာ အနားမှာ ရပ်ကြည့်နေသူ လူအုပ်က မျှော်လင့်ချက်မဲ့စွာနဲ့ စိုးရိမ်တကြီး ၀ိုင်းဝန်းအော်ဟစ်ခဲ့ကြတာကိုလည်း ထွက်ပေါ်လာခဲ့တဲ့ ဗီဒီယိုပုံရိပ်တွေထဲမှာ မြင်နိုင်ပါတယ်။

ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ယင်းကလေးငယ်လေးဟာ သံလမ်း နဲဲ့ ပလက်ဖောင်းစပ်ကြားနေရာကို ကျသွားခဲ့တာကြောင့် ရထားနဲ့ မကြိတ်မိဘဲ အသက်အန္တရာယ် ကင်းလွတ်သွားခဲ့ပါတယ်။

ယင်းနောက် ကလေးငယ်လေးဟာ အနားက မိဘဆွေမျိုးတွေ လက်ထဲ ဘာမှ မထိမခိုက်ဘဲ ဘေးကင်းကင်းနဲ့ ပြန်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly