ဂရိဒဏ္ဍာရီလာ စပါတာ ဘုရင်မ လီဒါနဲ့ ငန်းတစ်ကောင်တို့ကို ရေးဆွဲထားတဲ့ နံရံဆေးပန်းချီကားကို အီတလီမှာ တူးဖော်တွေ့ရှိ

ဂရိဒဏ္ဍာရီလာ စပါတာ ဘုရင်မ လီဒါနဲ့ ငန်းတစ်ကောင်တို့ကို ရေးဆွဲထားတဲ့ နံရံဆေးပန်းချီကားကို အီတလီမှာ တူးဖော်တွေ့ရှိ

နိုဝင်ဘာ ၂၂ ။          ။ ဂရိ ဒဏ္ဍာရီလာ ပုံပြင်ထဲမှာပါဝင်တဲ့ စပါတာ ဘုရင်မ လီဒါနဲ့ ဘဲငန်း တစ်ကောင်တို့ကို ရေးခြယ်ဖော်ပြထားတဲ့ နံရံဆေးပန်းချီ တစ်ချပ်ကို အီတလီနိုင်ငံ  Pompeii ရှေ့ဟောင်း မြို့က Via del Vesuvio ဆိုတဲ့ နေရာတစ်ခုမှာ ရှေ့ဟောင်းသုတေသီတွေ တူးဖော်တွေ့ရှိခဲ့ကြပါတယ်။

စပါတာ ဘုရင်မ လီဒါနဲ့ ဘဲငန်း ဆိုတာကတော့ ဂရိ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်ပြီး ရာစုနှစ်များစွာကြာ ပညာရှင်တွေ စိတ်ဝင်စားခဲ့တဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။

ယခု နောက်ဆုံးတွေ့ရှိတဲ့ နံရံဆေးရေးပန်းချီကိုတော့ အဆိုပါရှေ့ဟောင်းမြို့ အနီးက လူကုံံထန် နေအိမ်တစ်လုံးရဲ့ ရေချိုးခန်းတစ်ခုမှာ အလှဆင်ထားခဲ့တာဖြစ်မယ်လို့ ယုံကြည်ရပါတယ်။

Pompeii ကတော့ အေဒီ ၁ ရာစုတုန်းက Vesivius မီးတောင် ပေါက်ကွဲစဉ် မီးတောင်ပြာတွေအောက်မှာ ဖုံးလွှမ်းခံထားခဲ့ရတာဖြစ်ပါတယ်။

ဒဏ္ဍာရီအရ ဆိုရင်လည်း နတ်ဘုရား ဇုစ်က ငန်းတစ်ကောင် အသွင်ပြောင်းပြီး စပါတာ ဘုရင်မ လီဒါကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly