အမျိုးသမီး ၈ ဦးအား အဓမ္မပြုကျင့်မှုဖြင့် တောင်ကိုရီးယား ဘာသာရေးဂိုဏ်းခေါင်းဆောင်ကို ထောင် ၁၅ နှစ် ချ

အမျိုးသမီး ၈ ဦးအား အဓမ္မပြုကျင့်မှုဖြင့် တောင်ကိုရီးယား ဘာသာရေးဂိုဏ်းခေါင်းဆောင်ကို ထောင် ၁၅ နှစ် ချ

နိုဝင်ဘာ ၂၂ ။       ။ နောက်လိုက် အမျိုးသမီး ရှစ်ဦးအား အဓမ္မပြုကျင့်မှုဖြင့် တောင်ကိုရီးယား ဘာသာရေးဂိုဏ်းခေါင်းဆောင်တစ်ဦးအား နိုဝင်ဘာ ၂၂ ရက်တွင် တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် သင်းအုပ်ဆရာ လီဂျေရော့ခ်သည် ၎င်းအပေါ် ယုံကြည်သက်ဝင်သူ နောက်လိုက် အမျိုးသမီးများအား အဓမ္မပြုကျင့်ထားခဲ့သည်ကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး အမျိုးသမီး ရှစ်ဦးအထိ ၎င်း၏ သားကောင်များ ဖြစ်ခဲ့ကြရသည်ဟု သိရသည်။

ယင်းအပြင် အစွန်းရောက်ဘာသာရေးဂိုဏ်းခေါင်းဆောင် လီအပေါ် ယုံကြည်သူတစ်ချို့ဆိုလျင် ၎င်းအား ဘုရားသခင်ဟုပင် ထင်မှတ်ယုံကြည်နေခဲ့ကြသည်ဟုလည်း သိရသည်။

“သင်းအုပ်ဆရာ လီရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေဟာ သူ့ကို မလွန်ဆန်သာခဲ့ဘဲ ခုခံနိုင်စွမ်းငှာ မတတ်နိုင်ခဲ့ရှာပါဘူး၊ တရားခံရဲ့ အကြွင်းမဲ့ ဘာသာရေး အယူဝါဒ တွေနဲ့ ချည်တုပ်ခံခဲ့ရတယ်” ဆိုပြီး တရားသူကြီး မွန်ဆောင်းက ဆိုးလ်မြို့ ဗဟိုတရားရုံးမှာ ပြောသွားသည်။

တောင်ကိုရီးယားမှာတော့ နည်းပညာပိုင်းအရ အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်နေပြီးဖြစ်တယ်ဆိုပင်သော်ငြားလည်း ဘာသာတရား ကိုးကွယ်ကိုင်းရှိုင်းမှုများကလည်း ပြန့်နှံ့နေလျက်ရှိသည်။

သို့ပေမယ့်လည်း ယင်းဘာသာရေး အဖွဲ့အစည်းတွေထဲမှာ တစ်ချို့ကလည်း ကိုးကွယ်သူတွေအပေါ် လိမ်လည်အမြတ်ထုတ် အသုံးချမှုတွေ ရှိနေခဲ့သည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly