အင်တာပို ခေါင်းဆောင်သစ်အဖြစ် တောင်ကိုရီးယားက ကင်မ်ဂျုံယန်း ကို ခန့်အပ်

အင်တာပို ခေါင်းဆောင်သစ်အဖြစ် တောင်ကိုရီးယားက ကင်မ်ဂျုံယန်း ကို ခန့်အပ်

နိုဝင်ဘာ ၂၁ ။           ။ အင်တာပို လို့ ခေါ်တဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့ ဥက္ကဌသစ်အဖြစ် တောင်ကိုရီးယားနိုင်ငံက ကင်မ်ဂျုံယန်း ကို ခန့်အပ်လိုက်ကြောင်း ယနေ့ နိုဝင်ဘာ ၂၁ ရက်မှာပဲ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ဒါဟာ မူလတုန်းက ခေါင်းဆောင်သစ်ဖြစ်မယ့် အလားအလာတွေရှိနေခဲ့တဲဲ့ အနောက်အုပ်စုမကြိုက်တဲ့ ရုရှားနိုင်ငံက အလက်ဇန်းဒါး ပရိုကိုချော့ခ် ကို ကျော်ပြီး ယခုလို တောင်ကိုရီးယားနိုင်ငံသားကို အဖွဲ့ရဲ့ ဦးဆောင်သူအဖြစ် ရွေးချယ်လိုက်တာဖြစ်ပါတယ်။

ပရိုကိုချော့ခ်ကတော့ လက်ရှိ အင်တာပို ဒုဥက္ကဌ ဖြစ်ပြီး ၎င်း ဥက္ကဌဖြစ်လာမယ့်အရေးကို အနောက်အုပ်စုက မလိုလားခဲ့ဘူးလို့ သိရပါတယ်။

အင်တာပိုရဲ့ လက်ရှိ ခေတ္တဥက္ကဌအဖြစ် ထမ်းဆောင်နေသူ ကင်မ်ကတော့ အမေရိကန်ပြည်ထောင်စုက ထောက်ခံထားသူတစ်ဦး ဖြစ်ကာ အင်တာပိုရဲ့ ယခင် ခေါင်းဆောင်ဟောင်း တရုတ်နိုင်ငံသား မင်ဟောင်ဝေ ရဲ့ နေရာမှာ အစားဝင် တာဝန်ထမ်းသွားမှာဖြစ်ပါတယ်။

မင်ဟောင်ဝေကတော့ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက တာဝန်ထမ်းနေရင်း တရုတ်သို့ ပြန်အလာမှာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီး နောက်ပိုင်းမှာ ၎င်းကို လာဘ်စားမှုနဲ့ ဖမ်းဆီးအရေးယူထားကြောင်း ပေကျင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၁ ရက် ဒူဘိုင်းမှာ ကျင်းပတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အစည်းအဝေးမှာပဲ ယခုလို ကင်မ်ကို အင်တာပို ခေါင်းဆောင်သစ်အဖြစ် အတည်ပြု ရွေးချယ်လိုက်ကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly