ဒီမိုကရေစီအပြောင်းအလဲ၊ ဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းရေးနှင့် မတူ ကွဲပြားသောယဉ်ကျေးမှုများကို လူငယ်ဆွေးနွေးပွဲ ပြုလုပ်မည်

ဒီမိုကရေစီအပြောင်းအလဲ၊ ဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းရေးနှင့် မတူ ကွဲပြားသောယဉ်ကျေးမှုများကို လူငယ်ဆွေးနွေးပွဲ ပြုလုပ်မည်

မုံရွာ၊ နိုဝင်ဘာ ၁၆ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် နိုဝင်ဘာ ၁၇ ရက်နေ့၌ ဒီမိုကရေစီအပြောင်းအလဲ၊ ဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းရေးနှင့် မတူကွဲပြားသောယဉ်ကျေးမှုများ၊ ဘာသာရေးဆိုင်ရာများကို လူငယ်များက အလွတ်တန်း ဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် လူငယ်စုစုပေါင်း(၃၀)ဦးသာ ဆွေးနွေးမည်ဖြစ်ပြီး နယ်ဝေးမှ လူငယ်များအတွက် နေထိုင်စားသောက်ရေး စီစဉ်ပေးမည်ဖြစ်ကြောင်း ပွဲကျင်းပသည့် ကိုဇော်သူရိန်ထွန်းမှ ဆိုသည်။

" အဓိကကတော့ ဒီမိုကရေစီအပြောင်းအလဲ၊ ဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းရေးနှင့်မတူကွဲပြားသောယဉ်ကျေးမှုများ၊ ဘာသာရေးဆိုင်ရာ သဘောထားကြီးမှု စတဲ့ကဏ္ဍတွေနဲ့ပတ်သတ်ပြီး လက်ရှိလူငယ်တွေရဲ့ အတွေးအမြင် တွေကို ဖော်ထုတ်ပြချင်လို့ပါ" ဟု ကိုဇော်သူရိန်ထွန်းမှ မဇ္ဇျိမသို့ ပြောသည်။

ဆွေးနွေးပွဲ၌ ဆွေးနွေးမည့် လူငယ်များသည် အသက်(၃၀)နှစ်အောက်လူငယ်ဖြစ်ရပါမည် ဖြစ်ပြီး ဆွေးနွေးမည့် အကြောင်းအရာကို တင်းကြပ်မထားဘဲ ဒီမိုကရေစီအပြောင်းအလဲ၊ ဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းရေးနှင့် မတူ ကွဲပြားသောယဉ်ကျေးမှုများ၊ ဘာသာရေးဆိုင်ရာ သဘောထားကြီးမှုစသည့် အကြောင်းအရာများအား အလွတ် တန်းကိုယ့်အမြင်ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

စိတ်ပါဝင်စား၍ ဆွေးနွေးလိုသောလူငယ်များသည် ၀၉ - ၄၀၀၄၅၄၅၂၃ သို့ ဆက်သွယ်၍ စာရင်းပေးနိုင်ပြီး စာရင်းပေးရာတွင် အမည်၊ပညာအရည်အချင်း၊မွေးသက္ကရာဇ်၊ဖုန်းနံပါတ်၊အဖွဲ့အစည်းအမည် စသည်တို့ ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly