အခြေခံပညာ ကျောင်းသားများ၏ အတွေးအခေါ်ပိုင်းဆိုင်ရာ ကျောင်းပေါင်းစုံပြိုင်ပွဲပြုလုပ်မည်

အခြေခံပညာ ကျောင်းသားများ၏ အတွေးအခေါ်ပိုင်းဆိုင်ရာ ကျောင်းပေါင်းစုံပြိုင်ပွဲပြုလုပ်မည်

ရန်ကုန်၊နိုဝင်ဘာ ၁၅ ။           ။ အတွေးအမြင်၊ အတွေးအခေါ်ပိုင်းဆိုင်ရာများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရှိ  ကျောင်းပေါင်းစုံမှ အခြေခံပညာ ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် ပြိုင်ပွဲတစ်ခုကို Franklin Covery Education Myanmar မှ ဦးဆောင်ပြုလုပ်သွားမည်ဟု သိရသည်။

"   ကျွန်တော်တို့ လုပ်မယ့်ပွဲဟာ ဘယ်ကျောင်းက မဆိုဝင်ပြိုင်လို့ရတယ်။ ကျောင်းသားတွေရဲ့ အတွေးအခေါ် ဆိုင်ရာတွေကို တွေးခေါ်သင်ယူဖို့ပါ။ပြီးတော့ လူကြီးတွေအနေနဲ့ကလေးတွေရဲ့အတွေးအခေါ်တွေကို နား ထောင်ပေးစေချင်တယ်။ ဘာလို့လဲဆိုတော့ တစ်ခါတလေ ကလေးတွေရဲ့ အတွေးက လူကြီးတွေထက် ပိုကောင်း ပိုသာတာမျိုး ရှိတတ်တယ်" ဟု Franklin Covery Education Myanmarမှ CEO  ကိုအောင်ပြည့်ထွန်း က ပြောသည်။

နိုဝင်ဘာ ၁၅ရက်နေ့တွင် ရန်ကုန်မြို့၊ဆူးလေရှန်ဂရီဟိုတယ်၌ Rethinking Education အမည်ဖြင့် ကျောင်း သားများ ဦးဆောင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုကိုပြုလုပ်ခဲ့ပြီး ယခုအစီစဉ်ကို မိတ်ဆက်အသိပေးခဲ့ခြင်း ဖြစ်သည်။  

အဆိုပါပြိုင်ပွဲကို limit less ဟုအမည်ပေးထားပြီး  ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ အစိုးရကျောင်း များ၊  ပုဂ္ဂလိကကျောင်းများအပါအဝင် နိုင်ငံတကာပညာရေးကျောင်းများမှ ကျောင်းသားများလည်း ပါဝင် ယှဉ်ပြိုင်နိုင်ပြီး ကျောင်းသားဦးရေကို ကန့်သတ်ထားမှု မရှိကြောင်း သိရသည်။

"  ဒီပြိုင်ပွဲမှာ ကလေးတွေအတွက် အခုလက်ရှိမှာ ဖြစ်ပျက်နေတဲ့ Soical Issue တွေတစ်ခုချင်းစီကို ဖြေရှင်းဖို့ နည်းလမ်းကို ရှာဖွေရမှာ ဖြစ်တယ်။ ဒီလိုလုပ်တာက သူတို့ရဲ့ ပြသာနာတစ်ခုကို ဖြေရှင်းနည်း၊ အတွေးအခေါ် ပိုင်း ဆိုင်ရာတွေအတွက် ဖြစ်ပါတယ်။ "  ဟု Franklin Covery Education Myanmar မှ Marketing Director မနှင်းဝတ်ရည်  က ဆိုသည်။

limit less အမည်ရှိသော အတွေးအမြင်၊ အတွေးအခေါ်ပိုင်းဆိုင်ရာများနှင့်ပတ်သက်သော ပြိုင်ပွဲကို ဖေဖော်ဝါရီလတွင် သုံးရက် ကြာကျင်းပသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly