ကမ္ဘောဒီးယားတို့ ကမ္ဘာ့အရှည်ဆုံး နဂါးလှေတစ်စင်းကို ဆောက်လုပ်ပြီး ဂင်းနစ် စံချိန်သစ် တင်

ကမ္ဘောဒီးယားတို့ ကမ္ဘာ့အရှည်ဆုံး နဂါးလှေတစ်စင်းကို ဆောက်လုပ်ပြီး ဂင်းနစ် စံချိန်သစ် တင်

နိုဝင်ဘာ ၁၂ ။         ။ ကမ္ဘောဒီးယားတို့ ဆောက်လုပ်ခဲ့တဲ့ အရှည် ၈၇ ဒသမ ၃ မီတာရှိ သစ်သား နဂါးလှေတစ်စင်းကတော့ ယခုအခါ ကမ္ဘာ့အရှည်လျားဆုံး နဂါးလှေအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်တင်လိုက်နိုင်တယ်လို့ သိရပါတယ်။

ယခင်က ကမ္ဘာ့အရှည်လျားဆုံးအဖြစ် စံချိန်တင်ထားနိုင်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က တရုတ်တို့ တည်ဆောက်ခဲ့တဲ့ နဂါးလှေကိုတော့ ယခု ကမ္ဘောဒီးယားတို့က ဖြတ်ကျော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီ နဂါးလှေကတော့ အရှည် ၈၇ ဒသမ ၃ မီတာ ရှိပြီး လှော်ခတ်သူ ၁၇၉ ယောက် ရှိမှာဖြစ်ပါတယ်၊ ကျွန်တော်က နောက်ဆုံးတစ်ယောက်ပေါ့ ဆိုပြီး လှော်ခတ်သူတစ်ဦးဖြစ်တဲ့ ဆမ် ဆီးက ပြောပါတယ်။

ကမ္ဘာမှာတော့ ကျွန်တော်တို့ နဂါးလှေက အရှည်အားဖြင့် နံပါတ်တစ်ပေါ့၊ ခုဆိုရင် ကမ္ဘာ့အရှည်ဆုံး နဂါးလှေအနေနဲ့ ကျွန်တော်တို့ စံချိန်ချိုးလိုက်နိုင်ပါပြီ ဆိုပြီး ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly