ကယ်လီဖိုးနီးယား တောမီးမှာ ပျောက်ဆုံးနေတဲ့ လူ ၁၀၀ ကျော်ကို ရှာဖွေလျက်ရှိ

ကယ်လီဖိုးနီးယား တောမီးမှာ ပျောက်ဆုံးနေတဲ့ လူ ၁၀၀ ကျော်ကို ရှာဖွေလျက်ရှိ
Photo: EPA

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၂ ။        ။အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်က တောမီးလောင်ကျွမ်းရာ နယ်မြေဒေသတွေမှာ လူပေါင်း ၁၀၀ ကျော်ထက်မနည်း ပျောက်ဆုံးနေတာကြောင့် အာဏာပိုင်တွေနဲ့ မီးသတ်ဌာနတို့ဟာ တနင်္ဂနွေနေ႔မှာ ရှာဖွေရေး လုပ်ဆောင်ကြပါတယ်။

ကယ်လီဖိုးနီးယား မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က တောမီးစတင်လောင်ကျွမ်းတာဖြစ်ပြီး တောင်ပိုင်းမှာပါ တောမီးလောင်ကျွမ်းနေခဲ့ရမှာ လက်ရှိအထိ သေဆုံးသူ ၂၅ ဦး ရှိတယ်လို့ သိရပါတယ်။

စနေနေ့မှာ လေပြင်းတိုက်ခတ်မှုမရှိတာကြောင့် မီးသတ်သမားတွေရဲ့ မီးငြိမ်းသတ်မှု ခရီးပေါက်ခဲ့ရပေမယ့် တနင်္ဂနွေမှှာ လေပြင်းတွေ ပြန်လည်တိုက်ခတ်လာတာကြောင့် တောမီး ပိုမိုပြန့်နှံ့မှာကို ကယ်လီဖိုးနီးယား သစ်တောနှင့် မီးဘေးကာကွယ်ရေးဌာနက သတိပေးထားပါတယ်။

Camp Fire လို့ ခေါ်နေကြတဲ့ အခု တောမီးလောင်ကျွမ်းမှုမှာ ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့ ဧရိယာကနေ အရှေ့မြောက်ဖက် ၂၈၀ ကီလိုမီတာမှာရှိတဲ့ လူဦးရေ ၂၆၀၀၀ ကျော် နေထိုင်ရာ ပါရာဒိုက်စ်မြို့ဟာ တစ်မြို့လုံးနီးပါး မီးလောင်ကျွမ်း ပျက်စီးပါတယ်။

တောမီးလောင်ကျွမ်းမှုကနေ ထွက်ရှိတဲ့ မီးခိုးတွေကြောင့် အနီးဝန်းကျင်ဒေသတွေကို အနီရောက်သတိပေးချက် ထုတ်ထားပါတယ်။

အခု တောမီးမှာ ပါရာဒိုက်စ်မြို့က အများစုဖြစ်တဲ့ အိမ်ခြေပေါင်း ၆၅၀၀ ကျော် ပျက်စီးကြောင်း သိရပါတယ်။

နယ်မြေဧရိယာ ၄၄၁၀၀ ဟတ်တာ လောင်ကျွမ်းတဲ့  အခု တောမီးကို မီးသတ်အင်အား ၄၀၅၀ ဖြင့် ငြိမ်းသတ်လျက် ရှိနေတယ်လို့ ကယ်လိုဖိုးနီးယားမီးသတ်ဌာနက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly