သီရိလင်္ကာ လွှတ်တော် ဖျက်သိမ်းမှု ကုလ စိုးရိမ်

သီရိလင်္ကာ လွှတ်တော် ဖျက်သိမ်းမှု ကုလ စိုးရိမ်

နိုဝင်ဘာ ၁၁ ။            ။ နိုင်ငံရေး ပြဿနာတွေနဲ့ ရှုပ်ထွေးနေတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတ မိုက်သရီပါလာ သီရိသေန က ပါလီမန်ကို ဖျက်သိမ်းပြီး ဇန်နဝါရီ ၅ ရက်မှာ ရွေးကောက်ပွဲအသစ် ကျင်းပဖို့ စီစဉ်လိုက်တာနဲ့ပတ်သက်လို့ လွန်စွာ စိုးရိမ်ပူပန်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ထုတ်ဖော်သွားပါတယ်။

သီရိလင်္ကာ သမ္မတက လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ကျင်းပဖို့ တောင်းဆိုလိုက်ပြီးတော့ လက်ရှိအချိန်မှာ နိုင်ငံရေးအကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရလျက် ရှိပါတယ်။

ဒါဟာ ယင်းနိုင်ငံမှာ အာဏာရ မဟာမိတ်အဖွဲ့အကြား အကွဲအပြဲဖြစ်ပြီး ဝန်ကြီးချုပ် ရာနေးလ် ဝစ်ခရီမက်ဆင်ဟီဟာ ရာထူးကနေ ဖယ်ရှားခံရတဲ့ ဖြစ်စဉ်ကနေစလို့ ရှုပ်ထွေးတဲ့ နိုင်ငံရေး အခြေအနေတွေ အစပြုလာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ သီရိလင်္ကာ အစိုးရအနေနဲဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေအပေါ် လေးစားလိုက်နာဖို့ အရေးကြီးကြောင်းနဲ့ မတူညီကွဲလွဲမှုတွေကို ဥပဒေနဲ့အညီ ညှိနှိုင်းဖြေရှင်းသွားကြဖို့ ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်းသွားပါတယ်။

ခုလို သမ္မတရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ဖယ်ရှားခံ ဝန်ကြီးချုပ် ရာနေးလ် ဦးဆောင်တဲ့ ညီညွတ်သော အမျိုးသား ပါတီက ကန့်ကွက်ခဲ့ပြီး ၎င်းရာထူးကနေ ထုတ်ပယ်ခံရမှုဟာလည်း ဖွဲ့စည်းပုံနဲဲ့ မညီညွတ်ကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly