၂၀၂ဝရွေးကောက်ပွဲနှင့် NLD ပါတီရဲ့ အလားအလာ

၂၀၂ဝရွေးကောက်ပွဲနှင့် NLD ပါတီရဲ့ အလားအလာ
ဓာတ်ပုံ-သက်ကို

ရန်ကုန် ၊ နိုဝင်ဘာ ၉ ။               ။ ယခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကတော့ အစောပိုင်းတစ်နှစ်က ကျင်းပပြီးစီးထားခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာတုန်းက မြင်တွေ့ထားခဲ့ရတဲ့ ဦးတည်ရာတစ်ခုအတိုင်းပဲ ဆက်သွားနေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

NLD ပါတီကတော့ ယှဉ်ပြိုင်ခဲ့တဲ့ နေရာအားလုံးမှာ ထက်ဝက်လောက်ကို အနိုင်ရခဲ့ပြီး တစ်ချိန်တည်းမှာလည်းပဲ တိုင်းရင်းသား ပါတီတွေနဲ့ USDP ပါတီတို့ကလည်း လက်ရှိ အာဏာရပါတီအပေါ် မနှစ်သက်တော့တဲ့ မဲပေးသူတွေ အကြားမှာတော့ အရှိန်ကောင်းတစ်ခု ရရှိခဲ့တာကို မြင်ရမှာဖြစ်ပါတယ်။

အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ NLD ပါတီအနေနဲ့ လူထုထောက်ခံမှု ဆုံးရှုံးသွားခြင်းကို ထောက်ရှုကြည့်ရရင်တော့ ပြည်တွင်းစစ် အဆုံးသတ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ( တိုင်းရင်းသား ဒေသတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပို ခွင့်ပြုပေးဖို့ ) ကြိုးပမ်းတဲ့ နေရာမှာ NLD အစိုးရဘက်မှာ လုပ်ဆောင်နိုင်စွမ်း မရှိမှု အခြေအနေတစ်ရပ် ဖြစ်နေတာကို ယင်းဒေသက ဒေသခံတွေ ရှုမြင်သွားကြတဲ့ လက္ခဏာရပ်တစ်ခုဖြစ်တယ်လို့ ယေဘုယျအားဖြင့် ယုံကြည်နိုင်ပါတယ်။

ဒါပေမယ့်လည်း အများ သတိမူမိကြတဲ့အတိုင်း နိုင်ငံစီးပွားရေး တိုးတက်မှု တုံ့ဆိုင်းနေတာ၊ ဖွံ့ဖြိုးတိုးတက်မှု နဲ့ လူမှုဆိုင်ရာ တိုးတက်မှု အတက်ဘက် ရှိနိုင်မယ့် အခွင့်အလမ်းကင်းမဲ့တာတွေကတော့ NLD ထောက်ခံသူတွေ အကြားမှာ အပါအဝင် အများအကြား ထင်သာမြင်သာရှိနေတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။

ယင်းအပြင် မြန်မာနိုင်ငံရဲ့ မဲဆန္ဒရှင် ပြည်သူတွေဘက်က အရင်ကထက် ရင့်ကျက်မှုတွေ ရှိလာတဲ့ အခြေအနေ ရှုထောင့်တစ်ရပ်ကို ထောက်ရှုကြည့်မယ်ဆိုရင်လည်း ယခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးသူတွေဟာ အရင်က ပါတီတစ်ခုတည်းကိုပဲ မဲပေးခဲ့တာနဲ့ ဆန့်ကျင်ကွဲလွဲပြီး ယခုတစ်ကြိမ်မှာတော့ ကိုယ်စားလှယ်ရဲ့ အရည်အချင်းကိုပဲ အဓိက ကြည့်ပြီး မဲပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါဟာ အထူးသဖြင့်တော့ ဒေသ လယ်ဗယ်မှာ မှန်ကန်ခဲ့ပြီး ကိုယ်စားလှယ်ထက် ပါတီကို ကြည့်ပြီး မဲပေးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကနေ လုံ့ဝ သွေဖည်လာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မဲပေးခဲ့ကြသူတွေဟာဆိုရင် ကိုယ်စားလှယ်တွေဟာ သူတို့အတွက်ဘာတွေ လုပ်ပေးနိုင်မလဲ၊ သူတို့ လူနေမှုဘဝတွေ၊ လိုအပ်ချက်တွေကို ဘယ်လိုတွေ ဖြည့်ဆည်းပေးနိုင်မလဲ ဆိုတာကို မေးမြန်းခဲ့ကြပါတယ်။

ဒီ အခြေအနေ ဖြစ်စဉ်တွေ အားလုံးကနေ ညွှန်ပြနေတာကတေ့ ဒီ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေဟာ NLD ပါတီ နိုင်ငံတစ်ဝှမ်းကို လွှမ်းမိုးနိုင်ခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနဲ့ လုံးလုံးလျားလျား ဆန့်ကျင်ကွဲလွဲနေတာပဲဖြစ်ပါတယ်။  ဒါပေမယ့်လည်း ယင်း ရွေးကောက်ပွဲကတော့ ထိုစဉ်က အာဏာရ USDP ပါတီနဲ့ ယခင် စစ်တပ်ဦးဆောင်တဲ့ အစိုးရအပေါ် ထောက်ခံမှု မရှိတော့ဘူးဆိုတာကို အတည်ပြုပြသတဲ့ ရွေးကောက်ပွဲအဖြစ် ရှုမြင်နိုင်ပါတယ်။ ယင်း အခြေအနေတစ်ခုနဲ့ပဲ NLD နဲ့ တိုင်းရင်းသား ဒေသခံတွေကို အကျိုးတူ အတူတကွ ပူးပေါင်းသွားစေခဲ့ပါတယ်။ ယင်းကဲ့သို့ စစ်တပ်အုပ်ချုပ်ကို ဆန့်ကျင်ကာ NLD နဲ့ တိုင်းရင်းသားတွေအကြား မဟာမိတ်ဖွဲ့ခဲ့မှုကတော့ ယခုအချိန်မှာ အက်ကွဲသွားပြီ ဖြစ်ပါတယ်။ ယနေ့အချိန်မှာ ထွက်ပေါ်နေတဲ့ မေးခွန်းတွေကတော့ NLD အစိုးရအနေနဲ့ တိုင်းရင်းသားတွေအရဲ့ အကျိုးစီးပွားအတွက် တပ်မတော်နဲ့အကြား တကယ်ပဲ မဟာမိတ် မဖွဲ့နိုင်တော့ဘူးလား ဆိုတာပဲဖြစ်ပါတယ်။

တပ်မတော်ဘက်ကို ကြည့်မယ်ဆိုရင်တော့ လက်ရှိနိုင်ငံအနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်လာနေချိန် ့ ဒီ ကြားဖြတ်ရွေးကောက်ပွဲကတော့ စစ်တပ်ရဲ့ ပါဝင်မှုကို အားကောင်းစေဖို့အတွက်လို့ အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။ အတိုချုပ်ပြောရရင် အပြီးသတ် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုအတွက် ဖြစ်နိုင်ဖွယ် အလားအလာတိုင်းကို ပျက်ပြားသွားစေနိုင်တဲ့ လုပ်နိုင်စွမ်းတစ်ခု တပ်မတော်ဆီမှာ ရှိနေသလို ဒီလိုနဲ့ NLD ပါတီကို ထိခိုက်စေရင်းနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ယင်းရဲ့ proxy ပါတီ USDP တို့ကို အားကောင်းစေကာ တိုင်းရင်းသားတွေကို နောက်ထပ် မနှစ်သက်စရာ အခြေအနေတွေ ထပ်တိုးဖြစ်စေနိုင်ပါတယ်။

နောက်တစ်ချက် ဖြစ်နိုင်တာက ငြိမ်းချမ်းရေးက လက်ရှိ NLD အစိုးရရဲ့ ပဓာန ဦးစားပေး အချက်တစ်ခု ဖြစ်နေတယ်ဆိုပေမယ့် တိုင်းသားရင်း ပါတီတွေဘက်ကတော့ အပြီးသတ် သဘောတူညီချက်တစ်ခု ရဖို့အတွက် လာမယ့် အထွေထွေ ရွေးကောက်ပွဲပြီးချိန်အထိ စောင့်ဆိုင်းသွားဖို့ကပဲ သူတို့အတွက် အကောင်းဆုံး အကျိုးရှိမယ်လို့ ဆုံးဖြတ်ထားကြနိုင်ပါတယ်။ ယင်း လာမယ့်ရွေးကောက်ပွဲ ပြီးချိန်ကျရင် ၎င်းတို့တွေရဲ့ ကိုယ်စားပြု ကိုယ်စားလှယ်တွေအနေနဲ့ အမျိုးသား အစိုးရမှာ ပိုမို ကိုယ်စားပြုပါဝင်ပြီး ပိုမိုနေရာရလာနိုင်ဖွယ် ရှိနေပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ တပ်မတော်ရဲ့ အကျိုးအမြတ် နဲ့ ဒီ အချက်ကို ပေါင်းကြည့်လိုက်မယ်ဆိုရင်တော့ ၂၁ ရာစု ပင်လုံညီလာခံမှာ ရေတိုကာလ အောင်မြင်မှုတစ်ခု ရဖို့ဆိုတာကတော့ ပိုမိုခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်သွားဖွယ် ရှိနေပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲမှာ နောက်ထပ် တွေ့မြင်ရတာကတော့ မဲပေးသူ ဦးရေ နည်းပါးနေခြင်း ဖြစ်ပါတယ်။ တစ်ချို့ ယူဆကြတာကတော့ ဒီလိုမျိုး မဲပေးသူဦးရေ နည်းပါးခြင်းကြောင့် NLD အနေနဲ့ ရန်ကုန်လွှတ်တော် အမတ်နေရာတစ်နေရာအတွက် ပြိုင်ပွဲမှာ ရှုံးနိမ့်သွားရတယ်ဆိုတာပါ။ ဒါပေမယ့် ယင်းကို ပြည်နယ်မှာ စစ်တပ် ထိန်းချုပ်မှုကနေ ဖယ်ရှားဖို့ ကြိုးပမ်းခဲ့တဲ့ သမိုင်းဝင် အခြေအနေတစ်ခုကအတိုင်းပဲ ရှုမြင်နိုင်ပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံကို ကြည့်မယ်ဆိုရင်လည်း တာလီဘန်အလွန် ပထမဆုံးကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲမှာ ဆိုရင် မဲပေးသူ ၈၀ ရာခိုင်နှုန်းထိ ရှိခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ ယင်းနိုင်ငံက သမ္မတရွေးကောက်ပွဲတွေမှာတော့ မဲပေးသူ ၃၀ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

ဒီလို ပြောလိုက်လို့ အာဖဂန်မှာလိုမျိုး အလားတူ မဲပေးသူ ဦးရေ ထိုးကျမှု ဖြစ်စဉ်မျိုးကို လာမယ့် ၂၀၂၀ မြန်မာ ရွေးကောက်ပွဲမှာ မြင်ရလိမ့်မယ်လို့တော့ ဆိုလိုခြင်း မဟုတ်ပေမယ့် ယင်း အခြေအနေအရ လက်ရှိကာလမှာ အသစ်ပေါ်ပေါက်နေတဲ့ ဒီမိုကရေစီ နိုင်ငံတွေက မဲပေးသူတွေဟာဆိုရင် ၎င်းတို့တွေရဲ့ လူမှုဆိုင်ရာ ထိခိုက်ခံစားနေရမှုတွေကို အလျင်အမြန် ပြင်ဆင်ဖို့အတွက် ရွေးကောက်ပွဲတွေက သူတို့တွေအတွက် အာမခံချက် မပေးဘူးဆိုတာကို သူတို့ အလျင်အမြန် သဘောပေါက်လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲတွေကတော့ မြန်မာနိုင်ငံရေးမှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ပြီးတော့ ၂၀၁၅ အလွန် ရွေးကောက်ပွဲရလဒ်တွေကို ကြည့်မယ်ဆိုရင် NLD ပါတီအနေနဲ့ ယင်းရဲ့ ပါတီ ချဉ်းကပ်ပုံ လမ်းကြောင်းနဲ့ ယန္တရားအစိတ်အပိုင်း ကို  ပြုပြင်ပြောင်းလဲဖို့ ၊ ဝေဖန်ထိုးနှက်မှုတွေကို သဘောပေါက်လက်ခံဖို့၊ သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်တစ်ဦးနဲ့အတူ ရှိနေတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အစုအဖွဲ့တစ်ခုကနေ လုပ်နိုင်ကိုင်နိုင်စွမ်းရှိ ပါတီ တာဝန်ရှိသူ အင်အားအများအပြားနဲ့အတူ ရှိနေမယ့် မူဝါဒနဲ့ မောင်းနှင်မယ့် ပါတီတစ်ခုအဖြစ် အသွင်ပြောင်းလဲဖို့ အရေးကြီးနေပြီ ဆိုတာကို ထောက်ပြနေလျက် ရှိပါတယ်။ ဆွေမျိုးကောင်းစားရေး ၀ါဒနဲ့ အရှင်မွေးစားမှု တို့နဲ့ ကာလကြာ အသွင်ဆောင်နေခဲ့တဲ့ ပါတီအတွက် ဒါတွေက ခက်ခဲတဲ့ ကိစ္စတွေ ဖြစ်နေပါတယ်။ ဒါ့အပြင် ဆွေးနွေးညှိနိုင်းမှုကို ကာလကြာ ရှောင်ဖယ်ထားပြီး နိုင်သူ အကုန်ယူ ဆိုတဲ့ ချဉ်းကပ်မှုကို ပို အလေးထားခဲ့တဲ့ အမျိုးသားရေး စနစ်တစ်ခုနဲ့  နိုင်ငံ သမိုင်းတစ်ခုကလည်း ယင်းကို ပို ဆိုးစေလျက် ရှိပါတယ်။

၂၀၂၀ ကို မျှော်ကြည့်ရရင်တော့ NLD အနေနဲ့ ညွှန့်ပေါင်း အစိုးရတစ်ရပ် ဖွဲ့ဖို့အတွက်ပါ ပညာသားပါပါ ကြိုတင်စီစဉ်တွက်ချက်ထားရမှာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ ယင်းရဲ့ ပါတီ ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ အာရုံစိုက်စေပြီး တစ်ချိန်တည်းမှာလည်းပဲ အစွန်အဖျား ဒေသတွေက ညွှန့်ပေါင်း အစိုးရ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံပံ့ပိုးပေးရဖွယ် ရှိနေပါတယ်။

ဒါပေမယ့်လည်း အထက်ပါ ဖော်ပြထားခဲ့တဲ့အတိုင်း ၂၀၂၀ အတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ပတ်သက်လို့ အထူးပြောရရင် ရွေးကောက်ပွဲ နိုင်ငံရေးအပေါ် အထူး အလေးထားမယ်ဆိုရင်တော့ ပြည်နယ်/အစိုးရရဲ့ ထိရောက်တဲ့ အလုပ်လုပ်ဆောင်မှုတွေကို အလုံးစုံ အာဏာ ဆက်လက်ထိန်းသိမ်းနိုင်ရေးလောက် ဦးစားပေး မှုအဆင့် မထားတော့မယ့် အခြေအနေနဲ့ အရဲစွန့်ရနိုင်ပါတယ်။ ၂၀၂၀ မှာတော့ NLD အနေနဲ့ ရှုံးနိမ့်သွားဖွယ်ရာ အလားအလာ မမြင်ရသော်ငြား နိုင်ငံသားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အပိုင်းမှာ ပါတီဘက်က နောက်ထပ် ပေါ့ဆမှုထားခြင်းက ဘာပဲဖြစ်ဖြစ် ပါတီရဲ့ ဂုဏ်ကို ထပ်မံ တိုက်စားသွားဖွယ်ရာလည်း ရှိနေပါတယ်။

အဆုံးအားဖြင့် ပြောရရင် တာဝန်ထမ်းဆောင်ရင်း အမတ်တွေ ဆုံးပါးသွားမှုကြောင့် လစ်လပ်သွားတဲ့ နေရာအတွက် မကြာသေးခင်က  ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီနေရာမှာ တကယ်လိုအပ်တာက လူငယ်တွေရဲ့ထုတ်ဖော်သံတွေနဲ့ မျိုးဆက်သစ်တွေကို အစိုးရထဲမှာ ပေါင်းစည်းပေးဖို့ ဖြစ်ပြီး ဒါဟာ NLD နဲ့ သက်ဆိုင်မှု  ရှိတဲ့အပြင် ယင်းဟာ ပိုပြီး ထင်သာမြင်သာ ရှိရမှာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly