ပြည်သူ့ကျန်းမာရေး တိုးတက်စေရန် Mobile Tabletများ ဖြန့်ဝေ

ပြည်သူ့ကျန်းမာရေး တိုးတက်စေရန် Mobile Tabletများ ဖြန့်ဝေ

မကွေး၊ နိုဝင်ဘာ ၅  ။              ။ မကွေးတိုင်းဒေသကြီး မြို့တော်ခန်းမတွင် ပြည်သူ့ကျန်းမာရေးတိုးတက်စေရန်အတွက် အခြေခံ ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ်ဆရာဝန်များကို Mobile Tablet များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ်ဆရာဝန်များကိုMobile Tabletများ ဖြန့်ဝေခြင်းအခမ်းအနားအား နိဝင်ဘာ ၅ရက်နေ့ နံနက် ပိုင်းက မကွေးမြို့မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြည်သူများ၏ ကျန်းမာရေး အသိပညာတိုးတက်မြင့်မားစေရန် ဆရာဝန်များ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ ကုသရေးလုပ်ငန်းလုပ်ဆောင်ချက်များ တိုးတက်စေရန်နှင့် ပြည်သူ့ ကျန်းမာရေး လုပ်ငန်းတိုးတက်စေရန် ရည်ရွှယ်၍ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Mobile Tabletများကို ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ထည့်သွင်း ထားသည့် စာအုပ်စာတမ်းများနှင့် Application များကို User Friendly ဖြစ်စေရန်နှင့် သုံးစွဲမှုလွယ်ကူစေရန် စီစဉ်ဆောင်ရွက်ထားရှိပြီး၊ အခြေခံကျန်းမာရေး ဝန်ထမ်းများအား ဖြန့်ဝေပေးမည့် Mobile Tabletများတွင် စာအုပ်စာတမ်းပေါင်း (၁၂၀)ကျော်ပါဝင်ပြီး မြို့နယ်/တိုက်နယ်ဆရာဝန်များအား ဖြန့်ဝေမည့် Mobile Tablet များတွင် စာအုပ်စာတမ်းပေါင်း(၅၃၀) ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းအတွင်းရှိ မြို့နယ်၊တိုက်နယ်ဆရာဝန်များအတွက် Tab A Tablet (၈၀)လုံး၊ အခြေခံ ကျန်းမာရေး ဝန်ထမ်း(၂၆၆၅ ) ဦးအတွက် Galaxy Tabj Tablet (၂၆၆၅)လုံး ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ကျန်းမာရေးနှင့်အားကစားဝန်းကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ ကျန်းမာရေးဝန်ထမ်းများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly