အီဂျစ်မှာ ဘုရားကျောင်းက ပြန်လာတဲ့ ခရစ်ယာန်တွေကို ပစ်ခတ်မှုဖြစ်လို့ စိတ်ဆိုးဒေါသထွက်

အီဂျစ်မှာ ဘုရားကျောင်းက ပြန်လာတဲ့ ခရစ်ယာန်တွေကို ပစ်ခတ်မှုဖြစ်လို့ စိတ်ဆိုးဒေါသထွက်

ကိုင်ရို၊ နိုဝင်ဘာ ၄ ။           ။ အီဂျစ်နိုင်ငံမှာ ဘုရားကျောင်းက ပြန်လာတဲ့ ခရစ်ယာန်တွေရဲ့ ဘတ်စ်ကားကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်တာကြောင့် ခုနစ်ဦး သေဆုံးကြောင်း သိရပါတယ်။

စိတ်ဆိုးဒေါသထွက်ရတဲ့ ကျန်ရစ်သူမိသားစု ဆွေမျိုးအသိုင်းအဝန်းတွေဟာ တမန်နေ့ညမှှာ ဝမ်းနည်းပူဆွေးစွာနဲ့ သေဆုံးတဲ့ ရုပ်အလောင်းတွေကို လာရောက် ထုတ်ယူကြပါတယ်။

ဒီပစ်ခတ်မှုကို အိုင်အက်စ်က ၎င်းတို့ ကျူးလွန်တာဖြစ်ကြောင်း ကြွေးကြော်ထားပါတယ်။

အီဂျစ်နိုင်ငံအတွင်းမှာ ဘာသာရေးလူနည်းစုတွေကို နောက်ဆုံးတိုက်ခိုက်မှု ဖြစ်ပွားရာအဖြစ် တမန်နေ့က စိန့်ဆင်မြူရယ် ဘုရားကျောင်းက ပြန်လာကြတဲ့ ခရစ်ယာန်တွေရဲ့ ကားကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်တာ ဖြစ်ပါတယ်။

မင်ယာမြို့အနီးမှာ ဖြစ်ပွားတဲ့ ဒီ ပစ်ခတ်မှုအတွင်းမှာ ခုနစ်ဦးလည်း ဒဏ်ရာရကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ရပ်က ဆိုပါတယ်။

ဒီဘုရားကျောင်းမှာ ခုလို တိုက်ခိုက်မှုဖြစ်တာဟာ နှစ်နှစ်အတွင်း ဒုတိယမြောက်လည်း ဖြစ်ပါတယ်။

မင်ယာမြို့ ဆေးရုံကြီးအပြင်ဖက်မှာ သေဆုံးဒဏ်ရာရသူတွေရဲ့ မိသားစုဆွေမျိုး ဒါဇင်များစွာဟာ ရုပ်အလောင်းတွေကို ထုံးစံနဲ့အညီ မြုပ်နှံဖို့အတွက် ထုတ်ယူဖို့ အစောပိုင်းနာရီတွေကတည်းက စောင့်စားနေကြတာ ဖြစ်ပါတယ်။

မင်ယာမြိုု့က ဘုန်းတော်ကြီး မာကာရီယိုဟာ အဲဒီ ဆေးရုံဆီ ရောက်လာခဲ့ပြီး ပူဆွေးဝမ်းနည်းနေကြသူတွေကို နှိမ့်သိမ့်မှု ပေးခဲ့ပါတယ်။

အမည်မဖော်တဲ့ အခြားဘုန်းတော်ကြီးတစ်ဦးက ဒီ တိုက်ခိုက်မှု ဖြစ်ပွားတဲ့ အကြောင်းကို ပြောပြရာမှာ ဘုရားကျောင်းထဲ တစ်ညလုံး ပုန်းအောင်းနေတာကြောင့် လူပေါင်း ၂၄ ဦးလောက် တိုက်ခိုက်မှုကနေ လွတ်မြောက်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly