အမှားအမှန်ခွဲခြား ဆောင်ရွက်နိုင်ရန် လက်တွေ့အဖြစ်အပျက်ကို ကိုယ်တိုင်သိရှိနိုင်ရေးလိုအပ်

အမှားအမှန်ခွဲခြား ဆောင်ရွက်နိုင်ရန် လက်တွေ့အဖြစ်အပျက်ကို ကိုယ်တိုင်သိရှိနိုင်ရေးလိုအပ်

စက်တင်ဘာ ၂၅ ရက် ။         ။ အမှားအမှန်ကို ခွဲခြားပြီး ဆောင်ရွက်နိုင်ရန်အတွက် လက်တွေ့အဖြစ်အပျက်များကို ကိုယ်တိုင်သိရှိနိုင်ရေးကြိုးစားရန် လိုအပ်သည်ဟု သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးဦးဆောင်ကော်မတီအစည်းအဝေး၌ ပြောကြားလိုက်သည်။

ထို့ပြင် ပြည်သူ့အသံကို နားထောင်ရန်နှင့် ဝေဖန်မှုများအားလက်ခံသုံးသပ်မှသာ အမှားအမှန်ကို ခွဲခြားနိုင်မည်ဟုလည်း ဆိုသည်။

စက်တင်ဘာ ၂၄ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ၎င်းအစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်သည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြသည်။

သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု ဖြစ်စေရန် ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ပေးရန် လိုအပ်ပြီး ဝန်ထမ်းများ၏ စိတ်ဓာတ်ပိုင်း Mindset များကိုလည်း ပြောင်းလဲပေးရန် လိုအပ်သည်ဟု သမ္မတက အသိပေးသည်။

ထို့ပြင် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် အလေးထားဆောင်ရွက်ပေးရန်၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေစိုးမိုးရေး အလေးထားပြီး မှုခင်းများ လျော့နည်းကျဆင်းသွားစေရေး ဆောင်ရွက်ကြရမည်ဟု ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုသွားသည်။

Ref; MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly