တရုတ်လျှို့ဝှက် ဒုစရိုက်ဂိုဏ်းဝင် တစ်သောင်းကျော်အား ဖမ်းဆီး

တရုတ်လျှို့ဝှက် ဒုစရိုက်ဂိုဏ်းဝင် တစ်သောင်းကျော်အား ဖမ်းဆီး

တရုတ်နိုင်ငံတွင် ရာဇဝတ်မှု နှိမ်နှင်းရေးတစ်ရပ်အတွင်း လျှို့ဝှက်ဒုစရိုက်ဂိုဏ်းဝင် သံသယရှိသူပေါင်း တစ်သောင်းကိုးထောင်အား ဖမ်းဆီးခဲ့ရကြောင်း နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။

ဟောင်ကောင်၊ မကာအိုနှင့် ကျန်တုံပြည်နယ်တို့တွင် သုံးလတာ စစ်ဆင်ရေးကို ဆင်နွှဲခဲ့မှုအတွင်း ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လျှို့ဝှက်ဒုစရိုက်ဂိုဏ်းများက တရုတ်ပြည်မကြီးအတွင်းထိ ခြေဆန့် လာလျက်ရှိနေကြောင်း ရဲများက ပြောသည်။

ဂိုဏ်းများကျုးလွန်ကြသည့် ရာဇဝတ်မှုများမှာ မူးယစ်ဆေးဝါး အရောင်းအဝယ်များ၊ လောင်းကစားနှင့် ပြည့်တန်ဆာလုပ်ကိုင်ခြင်းတို့ဖြစ်သည်။

တရုတ်လျှို့ဝှက် ဒုစရိုက်ဂိုဏ်းများမှာ အများအားဖြင့် ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တို့တွင် အခြေစိုက်သော်လည်း လုပ်ငန်းဖြန့်ကြက်လုပ်ကိုင်မှုမှာ ကမ္ဘာအနှံ့ ကျယ်ပြန့်သည်။

"ပြည်သူလူထုကို သိရှိစေချင်တာက အဖွဲ့ဖွဲ့ဒုစရိုက်မှု ကျုးလွန်ကြခြင်းများနဲ့ အခြားသော တရားမဝင်တဲ့ ပြုမှုလုပ်ဆောင်မှု အားလုံးကို ရဲတပ်ဖွဲ့က လုံးလုံး သည်းခံနေမှာ မဟုတ်ဘူးဆိုတာ သိရှိစေချင်တာ ပါ။"ဟု ဟောင်ကောင်ရဲတပ်ဖွဲ့မှ ဂိုဏ်းဖွဲ့ရာဇဝတ်မှုများနှင့် လျှို့ဝှက်ဂိုဏ်းများရေးရာ ဗျူရိုမှ အကြီးအကဲဖြစ်သူ အော်ချင်ချူးက သတင်းထောက်များအား ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly