မြန်မာအတွက် အိန္ဒိယက စံပြဖြစ်ဟု အိန္ဒိယဒုတိယသမ္မတ ပြော

မြန်မာအတွက် အိန္ဒိယက စံပြဖြစ်ဟု အိန္ဒိယဒုတိယသမ္မတ ပြော

မြန်မာနိုင်ငံသည် ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲများမှ ဒီမိုကရေစီခိုင်မာအောင် ကြိုးစားနေရာ မြန်မာနိုင်ငံအတွက် နိုင်ငံရေးသင်ခန်းစာအဖြစ် အိန္ဒိယနိုင်ငံသည် စံယူစရာရှိနေသည်ဟု ထင်မြင်မိကြောင်း အိန္ဒိယဒုတိယသမ္မတ ဟာမတ်အန်ဆာရီက ပြောသည်။

"မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားလာရေး အသင့်ပြင်နေချိန်မှာ အိန္ဒိယက စံနယူနာကောင်းများ ပေးနိုင်ပါတယ်။"ဟု Indian Council of World Affairs (ICWA) တွင် စာအုပ်မိတ်ဆက်ပွဲတစ်ခုတွင် အန်ဆာရီက ပြောသည်။

“India-Myanmar Relations" အိန္ဒိယမြန်မာဆက်ဆံရေးဆိုသည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးဟောင်း ရာဂျစ်ဘဟာတီယာရေးသားသည့် စာအုပ်မိတ်ဆက်ပွဲတွင် အဖွင့်စကားပြောကြားရာ အန်ဆာရီက ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များအတွက်လည်းကောင်း နည်းပညာနှင့် စက်မှုကျွမ်းကျင်မှုအတွက်လည်းကောင်း အိန္ဒိယနိုင်ငံသည် အကြီးဆုံးနှင့် အနီးကပ်ဆုံး ဈေးကွက်ဖြစ်ပါကြောင်းလည်း အန်ဆာရီက အကြံပြောပြောကြားသည်။ ထိုပြင် လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်မှုမြင့်တင်သွားရေး နှစ်နိုင်ငံကြားတွင် ရှိရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒတွင် မြန်မာနိုင်ငံ၏ အရေးပါမှုသည် ကြီးမားကျယ်ပြန့်လာလျက်ရှိကြောင်း ဘဟာတီယာက ပြောသည်။

"၂၀၁၁ ခုနှစ်ကစပြီး မဟာဗျူဟာအရေးပါတဲ့ အိမ်နီးချင်းနိုင်ငံအဆင့်က ပိုမို ကြီးမားလာခဲ့တယ်။ အာဆီယံဦးဆောင်အဖွဲ့ဝင်တစ်နိုင်ငံအနေနဲ့အပြင် တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ တရုတ်တို့ကို ဆက်သွယ်ပေးတဲ့ ပေါင်းကူးနိုင်ငံတစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အရေးကြီးတဲ့ တစ်နိုင်ငံအဖြစ် ရှိနေတာပါ။"ဟု ဘဟာတီယာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly