ဖေ့စ်ဘုတ်ပိုင် ဓာတ်ပုံဗွီဒီယို မျှဝေကွန်ရက် Instagram သုံးစွဲသူ သန်း ၄၀၀ ကျော်သွားပြီ

ဖေ့စ်ဘုတ်ပိုင် ဓာတ်ပုံဗွီဒီယို မျှဝေကွန်ရက် Instagram သုံးစွဲသူ သန်း ၄၀၀ ကျော်သွားပြီ

ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ -၂၃ ။      ။ လူမှုကွန်ရက်ဘီလူးကြီး ဖေ့စ်ဘုတ်(Facebook)ပိုင် ဓာတ်ပုံဗွီဒီယို မျှဝေကွန်ရက် တစ်ခုဖြစ်သည့် Instagram မှာ နေ့စဉ် ဓာတ်ပုံဗွီဒီယို သန်း၈၀ကျော် မျှဝေမှုနဲ့အတူ သုံးစွဲသူ သန်း၄၀၀အထက်ကို ထိုးတက်ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။

လစဉ် Instagram ကို အသုံးပြု၍ ဓာတ်ပုံ၊ ဗွီဒီယို မျှဝေသူ အရေအတွက်မှာ ယခုနှစ်အစပိုင်းတွင် သန်း၃၀၀ပမာဏမှ ထိုးတက်မြင့်မားလာခဲ့ရာ လစဉ် တွစ်တာ (Twitter) သုံးစွဲသူအရေအတွက်ထက်ပင် သန်း၁၀၀နီးပါးမျှ ကျော်လွန်သွားခဲ့သည်။

''ဒီလိုင်သမိုင်းမှတ်တိုင်တွေဟာ အရေးကြီးပါတယ်။ ကျနော်တို့ကို တကယ်တန်း စိတ်လှုပ်ရှားစေတာက အမြင်ဆက်သွယ်ရေးက ကမ္ဘာကြီးဟာ ကျနော်တို့အတွက် နည်းနည်းပိုပြီး သေးငယ်လာတယ်လို့ ခံစားရစေတာပါပဲ''ဟု Instagram က ဘလော့ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

''အင်စတာဂရမ်သမားတွေ (Instagrammers)ဟာ ကမ္ဘာကြီးရဲ့ထောင့်တိုင်းက မယုံနိုင်စရာ ဓာတ်ပုံဗွီဒီယိုတွေကို အဆက်မပြတ်ဖမ်းယူနေကြပါတယ်''ဟုလည် Instagram က ပြောကြားခဲ့သည်။

ဥရောပနှင့် အာရှတွင် နောက်ဆုံးလူ သန်း၁၀၀၏ ထက်ဝက်ကျော်မှာ Instagram နှင့် တိုက်ရိုက်ချိတ်ဆက်လာဖွယ်ရှိနေပြီး ဘရာဇီး၊ ဂျပန်နှင့် အင်ဒိုနီးရှားတို့တွင် အဖွံ့ဖြိုးဖြစ်လိမ့်မည်ဟု ဆိုသည်။

အလျင်အမြန် နောက်လိုက်ထုနှင့်ထည်နှင့် ရရှိသွားခဲ့ကြသည့် အထင်ကရ Instagram သုံးစွဲသူများထဲတွင် ဘောလုံးကြယ်ပွင့် ဒေးဗစ် ဘက်ခမ်း၊ ကိတ်တလင်း ဂျင်နာနှင့် ဘောလုံးသမား တိုနီ ခရူးစ်တို့ ပါဝင်နေသည်။

ယခုလအစောပိုင်းက Instagramက ကြော်ငြာရှင်များသို့ ကမ်းလှမ်းမှုအသစ်များကို ချဲ့ထွင်လာခဲ့ရာ ဓာတ်ပုံမျှဝေကွန်ရက်ပေါ်မှတစ်ဆင့် ကမ္ဘာနှင့်အဝန်းသို့ ဈေးကွက်ထိုးဖောက်နိုင်မည့် ဖြစ်နိုင်ခြေများကို လမ်းဖွင့်ပေးလာခဲ့သည်။

ကြော်ငြာရှင်များအား စက္ကန့်၃၀စာ ဗွီဒီယိုကြော်ငြာများအပါအဝင် ဖောမတ်မျိုးစုံဖြင့် ကမ္ဘာနှင့်အဝန်းသို့ ကြော်ငြာနိုင်စေရန် ရည်ရွယ်၍ ချဲ့ထွင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ၂၀၁၂ခုနှစ်တွင် ဖေ့စ်ဘုတ်က ဝယ်ယူခဲ့သည့် Instagram မှာ ယခုအချိန်အထိ အကန့်အသတ်ဖြင့်သာ ကြော်ငြာခွင့် ရနေသေးသည်။

Instagram ၏ ကမ္ဘာနှင့်အဝန်းဝင်ငွေမှာ ယခုနှစ်တွင် အလျင်အမြန်ကြီးထွားလာနေရာ ကန်ဒေါ်လာ သန်း၆၀၀ကို ပြည့်မှီရောက်ရှိလာခဲ့ပြီဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းစောင့်ကြည့်ကုမ္ပဏီ eMarketer ကခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly