မြန်မာ့ရွေးကောက်ပွဲ ချောချောမွေ့မွေ့ဖြစ်ရန် မျှော်လင့်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးပြော

မြန်မာ့ရွေးကောက်ပွဲ ချောချောမွေ့မွေ့ဖြစ်ရန် မျှော်လင့်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးပြော

မြန်မာနိုင်ငံတွင် ကျင်းပမည့် နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲ ချောချောမွေ့မွေ့ဖြစ်ရေး တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး Chang Wanquan က စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

" မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းကောင်းအနေဖြင့် မြန်မာပြည်ထဲရေး နိုင်ငံရေးနဲ့ အမျိုးသားပြန် လည် ရင်ကြားစေ့ရေးတို့ ရှေ့တိုးဖြစ်ပေါ်လာဖို့နဲ့ အထွေထွေရွေးကောက်ပွဲ အဆင်ချောချောနဲ့ အချိန် ကျ ကျင်းပနိုင်ဖို့ကို တရုတ်နိုင်ငံအနေနဲ့ ထောက်ပံ့နေပါတယ်"ဟု ချန်က ပြောသည်။

ပေကျင်းတွင် မြန်မာစစ်တပ်မှ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ် ချုပ်ကြီး စိုးဝင်းနှင့် တွေ့ဆုံစဉ် တရုတ်ကာကွယ်ရေး ဝန်ကြီးချန်က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မဲဆွယ် စည်းရုံးရေးအတွက် စက်တင်ဘာ ၈ မှ နိုဝင်ဘာ ၆ ရက်အထိ စည်းရုံး မဲဆွယ်ကာလ ဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုအတွင်း ချန်ကနှစ်နိုင်ငံစစ်တပ်ခြင်း ဆက်ဆံမှုခိုင်မာရေး၊ နယ်စပ်တည်ငြိမ် အေးချမ်းရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်ရေးတို့အတွက်လည်း တိုက်တွန်းပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ၏ ရေရှည်ထောက်ခံ ကူညီမှုများအတွက် ကျေးဇူးတင်ကြောင်း ဒုတိယဗိုလ်ချုပ် ကြီး စိုးဝင်းက ပြန်လည်ပြောဆိုပြီး မဟာဗျူဟာ ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် တရုတ်တပ်မတော်နှင့် စစ်ရေး အပြန်အလှန် ဆက်ဆံမှုများ ပိုမို ပူးပေါင်းသွားရေးတို့ကိုလည်း မြန်မာနိုင်ငံအနေဖြင့် ဆန္ဒရှိပါ ကြောင်းလည်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly