စက်တင်ဘာ ၂၁၊ လန်ဒန် ။ ။ ဝါဆောအသင်းနှင့်ကစားမည့် ချယ်လ်ဆီးအသင်း၏ ကက်ပီတယ်ဝမ်းဖလားပွဲစဉ်တွင် အသင်းခေါင်းဆောင်ဖြစ်သူတယ်ရီသည် ပွဲထွက်ခွင့်ပြန် လည်ရရှိမည်ဖြစ်သည်။
ယင်းချယ်လ်ဆီးအသင်းခေါင်းဆောင်သည် မက္ကာဘီတဲလ်အဗစ်နှင့်ချန်ပီယံလိဂ်ပွဲ၊ အာဆင်နယ်နှင့်ပရီးမီးယားလိဂ်ပွဲများတွင်ချန်လှပ်ခံခဲ့ရ သော်လည်း လက်ရှိချန်ပီယံအသင်း၏ ကက်ပီတယ်ဝမ်းပွဲတွင်မူ ပြန်လည်ပါဝင်ခွင့်ရမည်ဖြစ်သည်။
ချယ်လ်ဆီးနည်းပြမော်ရင်ဟိုက ၎င်း၏အသင်းခေါင်းဆောင်သည် ပုံမှန်ခြေစွမ်းရှိနေချိန်တွင် ဗဟိုနောက်ခံနေရာ၌ နံပါတ်တစ်ဦးစားပေးဖြစ် ကြောင်းနှင့် ဗုဒ္ဓဟူးနေ့ကက်ပီတယ်ဝမ်းပွဲစဉ်တွင် ပါဝင်လာမည်ဟု အာဆင်နယ်ကိုအနိုင်ရသည့်ပွဲပြီးတွင် ပြောသည်။
"လက်ရှိဆက်ဆံရေးနဲ့ သူကကျွန်တော့်လူဆိုတာကို သူသိပါတယ်။ ကျွန်တော့်လူ ၂၅ ယောက်ထဲကတစ်ယောက်ကိုဆွဲထုတ်ပြပါဆိုရင် သူ့ကို ကျွန်တော်ပထမဆုံးဆွဲထုတ်ပြမယ်ဆိုတာကိုလည်း သူသိပါတယ်။ ကျွန်တော်သူ့ကိုဂရုစိုက်တာလည်း သူသိတယ်။ ကျွန်တော့်ဆုံးဖြတ်ချက်က အသင်းအနိုင်ရဖို့ဆိုတာကိုလည်း သူသိတယ်"ဟု မော်ရင်ဟိုက ပြောသည်။
ဒီယေဂိုကော်စတာမှာမူ အရန်ခုံတွင်ရှိနေမည်ဖြစ်ပြီး ၎င်း၏နေရာ၌ ဖယ်လ်ကာအိုကစားခွင့်ရမည်ဖြစ်သည်။ ဒီယေဂိုကော်စတာသည် အာဆင် နယ်နှင့်ကစားသည့်ပွဲတွင် အနီကတ်ပြခံရနိုင်သည့်အပြုအမူများကိုပြုလုပ်ခဲ့သော်လည်း ပြစ်ဒဏ်မှလွတ်ကင်းခဲ့သည်။
နည်းပြမော်ရင်ဟိုအနေဖြင့် အရန်ဂိုးသမားဘီဂိုဗစ်၏နေရာတွင် အသင်းအတွက်ပွဲထွက်ကစားဖူးခြင်းမရှိသေးသည့် လူငယ်ဂိုးသမား ဘလက်မန်းကိုပွဲထွက်စေမည်လားဆိုသည်ကိုမူ ဆုံးဖြတ်ရခြင်းမရှိသေးပေ။
ဦးစားပေးဂိုးသမားဖြစ်သူ ကော့တွိုက်စ်မှာဒဏ်ရာရနေဆဲဖြစ်သောကြောင့် လွန်ခဲ့သောနှစ်ပွဲကိုကစားခဲ့ရသော ဘီဂိုဗစ်မှာဦးစားပေးအဖြစ် ဆက်လက်ကစားရဦးမည်ဟု ယူဆရသည်။
Ref; Daily Mail