ကမ္ဘာ့နျူကလီးယားစောင့်ကြည့်ရေး IAEA အဖွဲ့ အကြီးအကဲ အီရန်သို့ သွားရောက်

ကမ္ဘာ့နျူကလီးယားစောင့်ကြည့်ရေး IAEA အဖွဲ့ အကြီးအကဲ အီရန်သို့ သွားရောက်

ကမ္ဘာ့နျူကလီးယားစောင့်ကြည့်ရေး IAEA အဖွဲ့ အကြီးအကဲ ယူကီယာအမာတိုသည် အီရန်နိုင်ငံ ပါချင်း စစ်စခန်းသို့ သွားရောက်လည်ပတ်သည်။

ယင်းပါချင်းစစ်နယ်မြေတွင် နျူကလီးယားလက်နက်များသုတေသနပြုလုပ်ဆောင်နေသည်ဟု အနောက်တိုင်းထောက်လှမ်းရေးများက ရေရှည် သံသယထားခဲ့သည့် နေရာဖြစ်သည်။

အီရန်က ယင်းသံသယအတွက် မဟုတ်ကြောင်း ငြင်းဆန်ကာ နိုင်ငံ၏ နျူကလီးယားစီမံကိန်းသည် စွမ်းအင်ကဏ္ဍအတွက်သာဖြစ်ကြောင်း ပြောသည်။

ယူကီယာအမာတိုသည် အီရန်သို့ စက်တင်ဘာ ၂၀ ရက်က စတင်ရောက်ရှိခြင်းဖြစ်သည်။ အီရန်နှင့် အင်အားကြီးခြောက်နိုင်ငံတို့၏ အီရန်နျူကလီးယားစီမံကိန်းနှင့် ပတ်သက်ပြီး မကြာသေးမီက ရရှိခဲ့သည့် သဘောတူညီမှုအား မြှင့်တင်အားဖြည့်ပေးနိုင်ရေး ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။

ယင်းနေရာသို့ နိုင်ငံတကာစုံစမ်းရေးအရာရှိများက အကန့်အသတ်ဖြင့်သာ ဝင်ရောက်ခွင့်ရခြင်းဖြစ်သည်။ ရရှိခဲ့သည့် သဘောတူညီမှုအရ IAEA မှ စစ်ဆေးရေးအရာရှိများက အီရန်၏ နျူကလီးယား လုပ်ကွက်များကို ဆက်လက်စောင့်ကြည့်နိုင်မည်ဖြစ်သည်။ ထိုပြင် စစ်ဆေးရေးအရာရှိများ သံသယဖြစ်သည့် နေရာများကို ဝင်ရောက်စစ်ဆေးခွင့်ကိုလည်း အီရန်က သဘောတူညီထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly