ထိုင်း ၂၀၀၆ စစ်အာဏာသိမ်းမှု ကိုးနှစ်ပြည့်အဖြစ် လူစုလူဝေးဆန္ဒပြသည့် လူအုပ်အား ရဲက ဖြိုခွင်းခြင်းမရှိဘဲ အသာတကြည်ကြည့်နေ

ထိုင်း ၂၀၀၆ စစ်အာဏာသိမ်းမှု ကိုးနှစ်ပြည့်အဖြစ် လူစုလူဝေးဆန္ဒပြသည့် လူအုပ်အား ရဲက ဖြိုခွင်းခြင်းမရှိဘဲ အသာတကြည်ကြည့်နေ

ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ၂၀၀၆ ခုနှစ်အတွင်းက စစ်တပ်အာဏာသိမ်းခဲ့မှု ကိုးနှစ်ပြည့်အဖြစ် ဒီမိုကရေစီလှုပ်ရှားမှုအဖြစ် ရာပေါင်းများစွာသော အာဏာသိမ်းမှုဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူများက စုရုံးဆန္ဒပြခဲ့သော်လည်း ရဲများက ဖြိုခွင်းခြင်းမရှိပဲ အသာတကြည်ပင် ကြည့်နေခဲ့သည်။

၂၀၀၆ ခုနှစ်က စစ်အာသိမ်းမှု ကိုးနှစ်ပြည့်အဖြစ် စာတမ်းဖတ်ပွဲတစ်ရပ်ပြုလုပ်ပြီးနောက် ယခုကဲ့သို့ စုရုံးဆန္ဒပြခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပွဲပျက်အောင် အစောပိုင်းက ကြိုးစားသောလည်း မအောင်မြင်ခဲ့ပေ။ လူထုစုဝေးခြင်း ဥပဒေသစ်အရ ယခုကဲ့သို့ စုဝေးဆန္ဒပြရာတွင် ခွင့်ပြုချက်ယူပြီးမှ ပြသရမည်ဖြစ်သော်လည်း ဆန္ဒပြသူများက ကြိုတင်ခွင့်ပြုချက်ရယူခဲ့ခြင်းမရှိကြောင်း လုံခြုံရေးအဖွဲ့ဝင်များက ပြောသည်။

ရဲတပ်ဖွဲ့စည်းတားမှုနားတွင် "အာဏာသိမ်းမှုအလိုမရှိ"ဟု လူအုပ်ကြီးက ကြွေးကြော်ဟစ်ကြွေးကာ တစ်ချို့က အာဏာသိမ်းမှုဆန့်ကျင်ရေးဆိုင်းဘုတ်များ ကိုင်ဆောင်လျက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ယင်းလူစုလူဝေးဆန္ဒပြမှု ဝန်းကျင်သို့ စစ်တပ်မှ လုံးဝလာရောက်ခြင်း မရှိခဲ့ပေ။

ဘန်ကောက်ရှိ သမ်မာဆတ်တက္ကသိုလ် သာပရာချန် တက္ကသိုလ်ပရိဝုဏ်တွင် ဒီမိုကရေစီသစ်လှုပ်ရှားမှုစာတမ်းဖတ်ပွဲကို ကျင်းပပြီး လူစုလူဝေးကာ ၂၀၀၆ ခုနှစ်က စစ်တပ်၏ အာဏာသိမ်းခဲ့မှုအား ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ကိုးနှစ်အကြာ ၂၀၀၆ ခုနှစ်က သက်ဆင်ရှင်နာဝတ်တရာအစိုးရကို စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဆွန်သီဘွန်းယာရတ်လင်းက စက်တင်ဘာ ၁၉ ရက်တွင် အာဏာသိမ်းဖြုတ်ချခဲ့ခြင်းဖြစ်သည်။
Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly