အမေရိကန်တောမီး ဆက်လက်လောင်ကျွမ်းဆဲဖြစ်၊ မီးသတ်အင်အား ၁၀၀၀ ကျော်ဖြင့် ငြိှမ်းသတ်နေ

အမေရိကန်တောမီး ဆက်လက်လောင်ကျွမ်းဆဲဖြစ်၊ မီးသတ်အင်အား ၁၀၀၀ ကျော်ဖြင့် ငြိှမ်းသတ်နေ

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၂၀ ။ ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတွင် လောင်ကျွမ်းသည့် တောမီးမှာ ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကြောင့် မီးတောက် ဆက်လက်အားကောင်းကာ အနည်းဆုံး နေရာကိုးနေရာတွင် ဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောသည်။

တောမီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်အင်အား ၁၁၀၀ နီးပါးဖြင့် ငြှိမ်းသတ်နိုင်ရေး ကြိုးစားနေရကြောင်း ကယ်လီဖိုးနီးယား သစ်တောနှင့် မီးကာကွယ်ရေးဌာနက ပြောသည်။

ယခုနှစ်အတွင်း လောင်ကျွမ်းသည့် တောမီးတွင် သေဆုံးသူ ငါးဦးရှိကြောင်း အာဏာပိုင်များက ပြောပြီး ယင်းမီးကြောင့် အိမ်ခြေထောင်ပေါင်းများစွာ နေရပ်စွန့်ခွာရသည်။

ကယ်လီဖိုးနီးယားတွင် တောမီးလောင်ကျွမ်းများကြောင့် ဇူလိုင် ၁ ရက်မှ စတင်လျှင် ပျက်စီးဆုံးရှုံးမှု ကုန်ကျမှုပေါင်းမှာ အမေရိကန် ဒေါ်လာ ၂၄၄ သန်း အနည်းဆုံးရှိသည်။ ကယ်လီဖိုးနီးယားသမိုင်းတွင် ၁၉၉၁ ခုနှစ် အောက်တိုဘာက ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုသည် အသေအပျောက်အများဆုံးဖြစ်ပြီး လူပေါင်း ၂၅ ဦးသေဆုံးခဲ့ကာ အိမ်ခြေအဆောက်အအုံပေါင်း ၂၉၀၀ ပျက်စီးခဲ့သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly