အီရန်ရေကြီးမှု သေဆုံးသူ ၁၁ ဦးရှိပြီ

အီရန်ရေကြီးမှု သေဆုံးသူ ၁၁ ဦးရှိပြီ

အီရန်နိုင်ငံတွင် တီဟီရန်မြို့တော်အပါအဝင် နိုင်ငံတစ်ဝန်း ရေကြီးမှုများဖြစ်ပေါ်ရာ သေဆုံးသူ အနည်းဆုံး ၁၁ ဦးရှိသွားသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအီရန်ကြက်ခြေနီအဖွဲ့ IRCS အကြီးအကဲ နာဆာချာကဆာက တီဟီရန်ပြည်နယ်၊ တောင်ပိုင်းဟိုမိုဂန်၊ မြောက်ဖက် ခိုရာဆန်နှင့် အရှေ့ဖက် အဇာဘိုင်ဂျန်တို့တွင် ပြီးခဲ့သည့် ၄၈ နာရီအတွင်း ရေကြီးပျက်စီးမှုများဖြစ်ပွားကြောင်း ပြောသည်။

ယင်းအချိန်တွင် မိုးသည်ထန်ခြင်းကြောင့် ရေကြီးမှုများဖြစ်ကာ ပတ်ဒါရှက်မြို့တွင် လူငါးဦးသေဆုံးကြောင်း တီဟီရန်ပြည်နယ်ဆိုင်ရာ သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ ညွန်ကြားရေးမှူးချုပ် ဟာဒီရာမာတီက ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့များကို ရေကြီးမှုဖြစ်ရာနယ်မြေများသို့ စေလွှတ်ကာ ကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

တီဟီရန် အရှေ့ပိုင်းတွင် မိသားစုငါးဦးအပါအဝင် ပျောက်ဆုံးလျက်ရှိသူ ရှစ်ဦးရှိသည်ဟု IRCS မှ ပြောရေးဆိုခွင့်ရှိသူ မိုစတာဖာမော်တာဇာဗီက ပြောသည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly