နောက်ခံလူ ဆာခိုကို လီဗာပူးလ်အသင်း ၂၀၂၀ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆို

နောက်ခံလူ ဆာခိုကို လီဗာပူးလ်အသင်း ၂၀၂၀ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆို

လီဗာပူးလ်၊ သြဂုတ် ၁၉ ။       ။ လီဗာပူးလ်အသင်းသည် ပြင်သစ်လက်ရွေးစင်နောက်ခံ ကစားသမား ဆာခိုကို တစ်ပတ်လစာငွေ ပေါင် ၁ သိန်းဖြင့် ၂၀၂၀ ခုနှစ်အထိ ကာလရှည် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

ဆာခိုသည် လီဗာပူးလ်အသင်းတွင် စကာတယ်နှင့် လိုဗရန်တို့၏နောက် ဒုတိယဦးစားပေးအဖြစ်သာ ပွဲထွက်နေခဲ့ရပြီး ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလက ရိုးမားအသင်းသို့ ပြောင်းရွှေ့ရန်အထိ နီးစပ်ခဲ့ သည်။ သို့သော် နည်းပြဘရန်ဒန်ရော်ဂျာက ခံစစ်အတွင်းနှင့် အပြင်နေရာစုံတွင် ကစားနိုင်သည့် ဆာခိုကို ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒရှိနေခြင်းကြောင့် စာချုပ်သစ်ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။

စာချုပ်သစ်ချုပ်ဆိုပြီးနောက်တွင် ဆာခိုက 'ကျွန်တော်က လီဗာပူးလ်အသင်းရဲ့ စစ်သူရဲ တစ်ယောက်ပါ။ လီဗာပူးလ်အသင်းက လိုအပ်တဲ့အချိန်တိုင်းမှာ အကောင်းဆုံးပေးဆပ်ကစားသွားမှာ ဖြစ်ပါတယ်။ လီဗာပူးလ်မြို့သားတစ်ယောက်အနေနဲ့ ဆက်လက်နေထိုင်ရမှာ ဖြစ်လို့ ပျော်ပါတယ်' ဟု ပြောသည်။

ဆာခိုသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ပီအက်စ်ဂျီမှ လီဗာပူးလ်သို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ၄၇ ပွဲကစားကာ ၁ ဂိုးသွင်းယူပေးထားသည်။

လီဗာပူးလ်နည်းပြ ရော်ဂျာသည် ဘော်ဒိုးနှင့် ၁-၁ သရေကျခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်မှ ဆာခို၏ခြေစွမ်းကို သဘောကျလျက်ရှိပြီး လာမည့်နောဝှစ်ချ်နှင့်ပွဲစဉ်တွင် ပွဲထွက်ကစားခွင့်ပေးရန်စဉ်းစားလျက်ရှိသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly