စက်တင်ဘာ ၁၈၊ ဆောက်သမ်တန် ။ ။ ဆောက်သမ်တန်အသင်းသည် နည်းပြရော်နယ်ကိုးမန်းကို စာချုပ်အတွက်ဆွေးနွေးရန် ပြင်ဆင်နေသည်။ နယ်သာလန်လက်ရွေးစင်ဟောင်း ကိုးမန်း၏ လက်ရှိစာချုပ်မှာ ၁၈ လသာကျန်တော့ခြင်းကို အသင်းတာဝန်ရှိသူများမှ သတိပြုမိခဲ့ခြင်းဖြစ်သည်။
ယင်းအသက် ၅၂ နှစ်အရွယ်နယ်သာလန်လူမျိုးသည် ပြီးခဲ့သည့်နှစ်တွင်အသင်းကိုရောက်လာကတည်းက အထင်ကြီးစရာကောင်းအောင် စွမ်းဆောင်ထားသဖြင့် အသင်းမှသက်တမ်းတိုး လိုနေခြင်းဖြစ် သည်။
ကိုးမန်း၏ဇာတိမြေတွင်မူ နယ်သာလန်လက်ရွေးစင်အသင်းကိုကိုင်တွယ်ရန် ကိုမန်းပြန်လာမည်ဟု သတင်းများထွက်ပေါ်နေသည်။ ယူရို ၂၀၁၆ ခြေစစ်ပွဲကာလအပြီးတွင် လက်ရှိနည်းပြ ဒန်နီဘလိုင်း ရာထူးကိုစွန့်ခွာခဲ့ပါက နယ်သာလန်နည်းပြဖြစ်လာရန် ရေးပန်းအစားဆုံးသူများ တွင် ကိုးမန်းလည်းပါဝင်နေသည်။
သို့ဖြစ်ရာ ဆောက်သမ်တန်အသင်းက နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ထက် လက်ဦးမှုယူကာ ကိုးမန်းကိုစာချုပ်သစ်ချုပ်လိုနေသည်။ ပြီးခဲ့ သည့်ရာသီက ပရီးမီးယားလိဂ်တွင်အဆင့် ၇ ရအောင်စွမ်းဆောင်ပေးပြီးနောက် ကိုးမန်း၏အသင်းမှာ လက်ရှိရာသီအစပိုင်းတွင် အထနှေးနေ ပြီး ငါးပွဲကစား၊ တစ်ပွဲသာအနိုင်ရထားသည်။
Ref; Daily Mail