NCA လက်မှတ်ထိုးမည့်ရက် သတ်မှတ်နိုင်ရေး စက်တင်ဘာ ၂၀ တွင် MPC ၌ ဆွေးနွေးမည်

NCA လက်မှတ်ထိုးမည့်ရက် သတ်မှတ်နိုင်ရေး စက်တင်ဘာ ၂၀ တွင် MPC ၌ ဆွေးနွေးမည်
(ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ)

စက်တင်ဘာ ၁၈ ရက် ။         ။ တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် လက်မှတ်ထိုးမည့်ရက် သတ်မှတ်ရေးကို စက်တင်ဘာ ၂၀ ရက်နေ့တွင် Myanmar Peace Centre-MPC ရုံးတွင် ဆွေးနွေးကြမည်ဟု MPC အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက GNLM သတင်းစာသို့ပြောသည်။

အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့အား ဖိတ်ကြားထားခြင်းဖြစ်ပြီး အနည်းဆုံး ၁၀ ဖွဲ့လက်မှတ်ထိုးမည်ဟု ယုံကြည်မျှော်လင့်ကြောင်းဆိုသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း တိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် NCA လက်မှတ်ထိုးရေးကိစ္စကို ဆွေးနွေးနေကြသည်။

MPC တွင် စက်တင်ဘာ ၂၀ ရက်နေ့၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိန်းအမှတ်လည်း ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags