နေရှင်နယ်လိဂ် ပွဲစဉ် ၁၈ တွင် ရန်ကုန်အသင်းနှင့် ရတနာပုံအသင်းတို့ ထိပ်တိုက် တွေ့ဆုံ

နေရှင်နယ်လိဂ် ပွဲစဉ် ၁၈ တွင် ရန်ကုန်အသင်းနှင့် ရတနာပုံအသင်းတို့ ထိပ်တိုက် တွေ့ဆုံ
ပထမအကျော့ ဗထူးကွင်းတွင် ရတနာပုံနှင့် ရန်ကုန်တို့ ယှဉ်ပြိုင်ခဲ့စဉ်။  ဓာတ်ပုံ - Yangon United

၂၀၁၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၈ ပွဲစဉ်များကို စက်တင် ဘာ ၁၈၊ ၁၉ ရက်များတွင် ဆက်လက် ကစားမည်ဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှ ရန်ကုန်အသင်း နှင့် ရတနာပုံအသင်းတို့ ထိပ်တိုက် တွေ့ဆုံနေသည်။

ပွဲစဉ် ၁၈ ရှိ ပွဲစဉ်ခြောက်ပွဲအနက် ကမ္ဘောဇအသင်းနှင့် မကွေးအသင်းတို့ပွဲစဉ်မှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကစားမည်ဖြစ်ကာ ကျန်ရှိသော ပွဲစဉ်ငါးပွဲစလုံးမှာ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၊ အောင်ဆန်း ကွင်းနှင့် YUSC ကွင်းတို့တွင် ကစားမည် ဖြစ်သည်။

အမှတ်ပေးဇယား ထိပ်ဆုံးမှ ဦးဆောင်နေသော ရန်ကုန်အသင်းသည် အဆင့် ၂၊ ၃၊ ၄ နေရာများမှ မကွေးအသင်း၊ ဧရာဝတီအ သင်း၊ ရတနာပုံ အသင်းတို့နှင့် ရမှတ် ၁၆ မှတ်ထိ ကွာဟနေသည်။

စက်တင်ဘာ ၁၈ ရက် သုဝဏ္ဏ ကွင်းတွင် ဟံသာဝတီအသင်းနှင့် ဧရာဝတီအသင်း၊ တောင်ကြီးကွင်းတွင် ကမ္ဘောဇအသင်းနှင့် မကွေး အသင်း၊ YUSC ကွင်းတွင် ရန်ကုန်အသင်းနှင့် ရတနာပုံအသင်း၊ အောင်ဆန်းကွင်းတွင် ခိုင်ယူနိုက် တက်အသင်းနှင့် နေပြည်တော်အသင်းတို့ ကစားကြမည် ဖြစ်သည်။

စက်တင်ဘာ ၁၉ ရက်၊ သုဝဏ္ဏ ကွင်းတွင် မနောမြေအသင်းနှင့် ဇေယျာရွှေမြေအသင်း၊ အောင်ဆန်းကွင်းတွင် ဇွဲကပင်အသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့ ကစားကြမည် ဖြစ်သည်။ ရန်ကုန်အသင်းနှင့် ရတနာပုံအသင်းတို့ ပထမ အကျော့ ဗထူးကွင်းတွင် ကစားခဲ့စဉ် ရန်ကုန်အသင်းက အိမ်ရှင် ရတနာပုံအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၇ အပြီးတွင် ရန်ကုန်အသင်းမှ ချန်ပီယံဖြစ်ရန် ရာခိုင်နှုန်းပြည့်နီး ပါး ဖြစ်လာသော်လည်း အဆင့် ၆ နေရာမှ အဆင့် ၁၂ အထိ အသင်းများမှာမူ တန်းဆင်းဇုန် အန္တ ရာယ်နှင့် ရင်ဆိုင်နေရသည်။ ပွဲစဉ် ၁၈ တွင် တန်းဆင်းရန် အန္တရာယ်ရှိနေသော အသင်းများ အချင်းချင်း ထိပ်တိုက်တွေ့ဆုံနေပြီး အဆိုပါပွဲစဉ်များမှာ ရခိုင်ယူနိုက်တက် အသင်းနှင့် နေပြည်တော်၊ မနောမြေအသင်းနှင့် ဇေယျာရွှေမြေ၊ ဇွဲကပင်အသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့ ပွဲစဉ်များ ဖြစ်သည်။ အဆင့် ၆ နေရာမှ အဆင့် ၁၂ အတွင်း ရှိနေသော ဇေယျာရွှေမြေအသင်း၊ ချင်းယူနိုက်တက်အသင်း၊ နေပြည်တော်အသင်း၊ ဇွဲကပင်အသင်း၊ ဟံသာဝတီအသင်း၊ မနောမြေအသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့မှာ တစ်သင်းနှင့်တစ်သင်း အမှတ်ကွာဟမှု ကျဉ်းမြောင်းနေခြင်းကြောင့် အဆိုပါအသင်း အားလုံး တန်းဆင်းဇုန် အန္တရာယ် ရှိနေခြင်း ဖြစ်သည်။

ပွဲစဉ် ၁၈ ပွဲစဉ်များ

 ၁၈-၉-၂၀၁၅  ဟံသာဝတီ         -          ဧရာဝတီ  (ညနေ ၄း၀၀) သုဝဏ္ဏ
 ၁၈-၉-၂၀၁၅  ကမ္ဘောဇ            -          မကွေး  (ညနေ ၃း၃၀) တောင်ကြီး
 ၁၈-၉-၂၀၁၅  ရန်ကုန်             -          ရတနာပုံ   (ညနေ ၃း၃၀)   YUSC
 ၁၈-၉-၂၀၁၅  ရခိုင်ယူနိုက်တက် -          နေပြည်တော်  (ညနေ ၄း၀၀) အောင်ဆန်း
 ၁၉-၉-၂၀၁၅  မနောမြေ           -          ဇေယျာရွှေမြေ  (ညနေ ၄း၀၀)  သုဝဏ္ဏ
 ၁၉-၉-၂၀၁၅  ဇွဲကပင်             -          ချင်းယူနိုက်တက်  (ညနေ ၄း၀၀) အောင်ဆန်း

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly