အိုလံပစ်အမျိုးသမီး ခြေစစ်ပွဲတွင် ပရိသတ်အချို့ ကွင်းအတွင်းပစ္စည်းများ နှင့်ပစ်ပေါက်သဖြင့် အရေးယူခံရဖွယ်ရှိ

အိုလံပစ်အမျိုးသမီး ခြေစစ်ပွဲတွင် ပရိသတ်အချို့ ကွင်းအတွင်းပစ္စည်းများ နှင့်ပစ်ပေါက်သဖြင့် အရေးယူခံရဖွယ်ရှိ

စက်တင်ဘာ ၁၇၊ ရန်ကုန်။       ။ မန္တလေးမြို့၊မန္တလာသီရိကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့၏ အိုလံပစ်ခြေစစ်ပွဲတွင် ပရိသတ်အချို့ကွင်းအတွင်းအရာဝတ္ထုပစ္စည်းများနှင့် ပစ်ပေါက်ခဲ့သဖြင့် ဖီဖာ၏အရေးယူမှုနှင့်ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ယင်းပွဲစဉ်တွင် ထိုင်းအသင်းကမြန်မာအသင်းကို ၁-ဝဂိုးဖြင့်ဦးဆောင်နေချိန် ပွဲချိန် ၆၃ မိနစ်ဝန်းကျင်၌ မြန်မာပရိသတ်အချို့မှ ကွင်းအတွင်းအရာဝတ္ထုပစ္စည်းများနှင့်ပစ်ပေါက်ခဲ့သဖြင့် ပွဲကိုခေတ္တရပ်ဆိုင်းခဲ့ရပြီးမှ ပြန်လည်စတင်နိုင် ခဲ့သည်။

“ဒီပွဲဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြိုင်ပွဲကျင်းပရေးတာဝန်ခံက အစီရင်ခံစာမှာရေးတင်လိုက်တယ်လို့သိရပါတယ်။ ဒီအတွက် ကျွန်တော်တို့ ဖီဖာရဲ့အရေးယူမှုနဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ်။ သူတို့ဘက်က ဘာမှအကြောင်းမပြန်သေးတော့ သေချာမသိရသေးပါဘူး။”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ညွှန်ကြားရေးမှူး(စီမံ) ဦးစိုးမိုးကျော်ကပြောသည်။

မြန်မာပရိသတ်များ၏အပြုအမူကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖီဖာ၏အရေးယူမှုကို အမြဲလိုခံရလေ့ရှိပြီး လက်ရှိအချိန်တွင် ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲအိမ်ကွင်းပွဲစဉ်များပိတ်ပင်ခံထားရခြင်း၊ နိုင်ငံတကာအဆင့်ပြိုင်ပွဲတစ်ပွဲကို အိမ်ကွင်းပိတ်ခံထားရခြင်း စသည့်ပြစ်ဒဏ်များကို ချမှတ်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly