ဂျူဗင်တပ်ထက် ကစားပုံပိုကောင်းသည့် မန်စီးတီးအသင်း အရှုံးနှင့် မထိုက်တန်ဟု ပယ်လီဂရီနီပြော

ဂျူဗင်တပ်ထက် ကစားပုံပိုကောင်းသည့် မန်စီးတီးအသင်း အရှုံးနှင့် မထိုက်တန်ဟု ပယ်လီဂရီနီပြော

စက်တင်ဘာ ၁၆  မန်ချက်စတာ ။          ။ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် ဂျူဗင်တပ်အသင်းကို ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရသော်လည်း မန်စီးတီးအသင်းက ကစားပုံပိုကောင်းခဲ့သည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောဆိုလိုက်သည်။

အမ်းမရိတ်စ်ကွင်းတွင် ဥရောပပြိုင်ပွဲများနှင့် အကျိုးမပေးမှုဆက်လက်ဖြစ်ပေါ်ခဲ့သော်လည်း မန်စီးတီးနည်းပြက ၎င်း၏အသင်းကံမကောင်းခဲ့ ကြောင့်နှင့် ပွဲကိုထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောသည်။

"ထူးခြားတဲ့ပွဲတစ်ပွဲပါ"ဟု ချီလီနီ၏ ကိုယ့်ဂိုးကိုယ်သွင်းသည့်ဂိုးကို မန်ဇူကစ်နှင့်မိုရာတာတို့က ချေပနိုင်ခဲ့သည့်ပွဲအပြီးတွင် ပယ်လီဂရီနီကပြော သည်။

"ကျွန်တော်တို့မရှုံးသင့်ဘူး။ ဂျူဗင်တပ်ထက်ပိုကောင်းခဲ့တယ်။ ပြီးတော့ဂိုးသွင်းခွင့်တွေလည်းရခဲ့တယ်။ တောင့်တင်းတဲ့အသင်းနဲ့ရင်ဆိုင်ခဲ့ရ တာဖြစ်ပေမယ့် ပွဲကိုကျွန်တော်တို့ထိန်းချုပ်နိုင်ခဲ့တယ်"ဟု ပယ်လီဂရီနီက ဆိုသည်။

၁-၀ ဂိုးဖြင့်ဦးဆောင်နေစဉ်တွင် မန်စီးတီးအသင်းသည် သေချာပေါက်ဂိုးထပ်ရမည့်အခွင့်ရေးရခဲ့သော်လည်း စတာလင်း၏ ကြိုးပမ်းမှုကို အသက် ၃၇ နှစ်အရွယ်ဂိုးသမားကြီး ဘူဖွန်က ကာကွယ်သွားနိုင်ခဲ့သည်။ သို့သော်လည်း ပယ်လီဂရီနီက နွေရာသီအတွင်းလီဗာပူးလ်မှ ပေါင် ၄၉ သန်းဖြင့်ပြောင်းလာသည့် စတာလင်းကိုပြစ်တင်ရန် ငြင်းဆန်ခဲ့သည်။

"စတာလင်းကြောင့်ရှုံးတယ်လို့ မထင်ပါဘူး။ အသင်းမှာပြဿနာတွေလည်း မရှိပါဘူး။ ဂိုးသွင်းနိုင်တဲ့နေ့တွေ၊ မသွင်းနိုင်တဲ့နေ့တွေဆို ဘောလုံးက ဒီလိုပါပဲ"ဟု မန်စီးတီးနည်းပြက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly