ဖနောင့်ဒဏ်ရာကုသရန် လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆင် အမေရိကန် သို့သွားရောက်

ဖနောင့်ဒဏ်ရာကုသရန် လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆင် အမေရိကန် သို့သွားရောက်

စက်တင်ဘာ ၁၅၊ လီဗာပူးလ် ။          ။ လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆင်သည် ဖနောင့်ဒဏ်ရာကိုကုသရန်အတွက် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ဖြစ်သည်။ ဟန်ဒါ ဆင်သည် ပြီးခဲ့သည့်လက ဘုန်းမောက်ကို ၁-၀ ဂိုးဖြင့်နိုင်သည့်ပွဲတွင် ဒဏ်ရာရပြီးနောက် ပွဲစဉ်သုံးပွဲကိုလွဲချော်ခဲ့သူဖြစ်ပြီး တနင်္လာနေ့တွင် အထူးကုဆရာဝန် ဂျိမ်းစ်ကော်ဇာရယ်လီရှိရာ နယူးယော့ခ်သို့ထွက်ခွာသွားခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ဟန်ဒါဆင်အနေဖြင့် ဒဏ်ရာကိုကုသမှုခံယူမည်ဖြစ်သော်လည်း ခွဲစိတ်ရန်အစီအစဉ်မရှိဟု ယူဆရသည်။

နိုင်ငံတကာပွဲစဉ်များကာလအပြီးတွင် ဟန်ဒါဆင်ကိုပြန်လည်အသုံးပြုနိုင်မည်ဟု လီဗာပူးလ်အသင်းက မျှော်လင့်ခဲ့သော်လည်း လက်ရှိအခြေ အနေအရ ဆက်လက်အနားပေးထားရဦးမည်ဖြစ်သည်။

ဟန်ဒါဆင်အနားယူနေစဉ်အတွင်း ဘရန်ဒန်ရော်ဂျာ၏ လီဗာပူးလ်အသင်းမှာ အာဆင်နယ်ကိုသာသရေကျပြီး၊ ဝက်စ်ဟမ်း၊ မန်ယူပွဲတို့ကို ရှုံးခဲ့ သဖြင့် တစ်မှတ်သာရရှိခဲ့သည်။

အခြားကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ လယ်လာနာလေ့ကျင့်ခန်းပြန်ဆင်းနေခြင်းမှာမူ နည်းပြရော်ဂျာအတွက် သတင်းကောင်းဖြစ်စေခဲ့ သည်။

ယင်းဆောက်သမ်တန် ကစားသမားဟောင်းသည် ပေါင်ဒဏ်ရာမှပြန်ကောင်းလာခြင်းဖြစ်ပြီး တနင်္ဂနွေနေ့တွင် နော့ဝှစ်ချ်နှင့်ကစားမည့်ပွဲ၌ ပါဝင် လာဖွယ်ရှိသည်။

Ref; theguardian

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly