ဆင်ဆာတင်းကျပ်သည့် တရုတ်လူ့အဖွဲ့ အစည်း အလွန်ချိနဲ့နေဟု အနုပညာရှင် အိုက်ဝေဝေပြော

ဆင်ဆာတင်းကျပ်သည့် တရုတ်လူ့အဖွဲ့ အစည်း အလွန်ချိနဲ့နေဟု အနုပညာရှင် အိုက်ဝေဝေပြော

လန်ဒန်၊ စက်တင်ဘာ-၁၄ ။      ။ ဆင်ဆာကွပ်တင်းကျပ်မှုများဖြင့် မွန်းကျပ်ပိတ်လှောင်နေသည့် တရုတ်လူ့အဖွဲ့အစည်းသည် အလွန်ချိနဲ့နေသည်ဟု အစိုးရနှင့် ဆန့်ကျင်ကွဲလွဲသည့် အနုပညာရှင် အိုက်ဝေေ၀က စက်တင်ဘာလ ၁၀ရက်နေ့က ပြောကြားခဲ့သည်။

''စောဒကတက်တာတွေမရှိဘူး။ ထင်မြင်ချက်တွေမရှိဘူး။ ဒါတွေမရှိလို့ လူ့အဖွဲ့အစည်းဟာ ရှင်သန်လှုပ်ရှားမှုမရှိဘူး''ဟု အိုက်ဝေေ၀က စီအင်အင်သို့ ပြောကြားခဲ့သည်။

''လုံလောက်တဲ့ သတင်းအချက်အလက်တွေမရလို့ တစ်သီးပုဂ္ဂလလူတစ်ဦးချင်းစီမှာ ဖန်တီးဉာဏ်၊ ရမ္မက်နဲ့ စိတ်ကူးဉာဏ်လည်း မရှိတော့ဘူး။ သူတို့မှာ အခွင့်အရေးတွေရှိနေတယ်လို့လည်း မခံစားရတော့ဘူး။ တာဝန်ရှိတယ်လို့လည်း မခံစားရတော့ဘူး''ဟုလည်း အိုက်ဝေေ၀က ပြောကြားခဲ့သည်။

၅နှစ်တာအတွင်း ပြည်ပတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ၎င်း၏ အနုပညာလက်ရာပြပွဲကျင်းပရာ လန်ဒန်တွင် အိုက်က စီအင်အင်မှ ခရစ်ရှန် အာမန်ပူနှင့် စကားပြောခဲ့သည်။

၂၀၁၁ခုနှစ်က အိုက်ဝေေ၀ကို ဖမ်းဆီးခဲ့ပြီး ၈၁ရက်ကြာ ထူးဆန်းသော အခြေအနေအောက်တွင် ထိန်းသိမ်းထာခဲ့ရာ ယခုနှစ် ဇူလိုင်လတွင် အစိုးရက ၎င်းအား နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်အခါတွင် အံ့အားသင့်စရာဖြစ်ခဲ့ရသည်။

''တရုတ်မှာ နေရာလွတ်ရယ်လို့ မရှိတာကြောင့် ကျနော် ဘယ်လောက်အထိ ဆန့်ကျင်နိုင်မလဲ၊ အခြားလူတွေရော ဘယ်လောက်အထိ ဆန့်ကျင်နိုင်မလဲ ဆိုတာ မသေချာဘူးဖြစ်နေတယ်။ ဒါမှမဟုတ် နေရာလွတ်တစ်ချို့ကို မဖန်တီးနိုင်ဘဲလည်း ဖြစ်နေမယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့ ကျနော်ဟာ နေရာလွတ်မရှိဘူးလို့ ခံစားရတဲ့နေရာမှာ နေရာလွတ်တစ်ခုကို ဖန်တီးဖို့ အမြဲစဉ်းစားနေတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတယ်လို့တော့ ကျနော် မဆိုလိုပါဘူး''ဟုလည်း အိုက်ဝေေ၀က ထပ်လောင်းပြောကြားခဲ့သည်။   

သို့ရာတွင် အိုက်ဝေေ၀၏ အနုပညာလက်ရာများကမူ ဖြစ်နိုင်ခြေအကန့်အသတ်ဘောင်ကို အမြဲတမ်းလိုလို တွန်းထုတ်တိုးချဲ့နေသည်။ အိုက်ဝေေ၀၏ တရုတ်ရှေးဟောင်း ပန်းအိုးများကို ဖျက်ဆီးနေပုံ ဓာတ်ပုံအတွဲများမှာ နိုင်ငံတကာတွင် ကျော်ကြားသကဲ့သို့ အငြင်းပွားစရာလည်းဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly