ရေကြီးမှုများအတွင်း ဖူကူရှီးမားနျူကလီးယားစက်ရုံမှ ရေဒီယိုသတ္တိကြွဓာတ်များပါသည့် အိတ် ၈၀ ကျော် ရေမျောပျောက်ဆုံး

ရေကြီးမှုများအတွင်း ဖူကူရှီးမားနျူကလီးယားစက်ရုံမှ ရေဒီယိုသတ္တိကြွဓာတ်များပါသည့် အိတ် ၈၀ ကျော် ရေမျောပျောက်ဆုံး

ဂျပန်နိုင်ငံတွင် အီတာယူမုန်တိုင်းတိုက်ခိုက်ပြီးနောက် ရေကြီးမှုများဖြစ်ပေါ်စဉ်အတွင်း ဖူကူရှီးမားနျူကလီးယားစက်ရုံပျက်မှ ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်းများပါဝင်သည့် အိတ် ၈၂ အိတ် ရေမျောပျောက်ဆုံးကြောင်း ဂျပန်တာဝန်ရှိသူများက ပြောသည်။

၂၀၁၁ ခုနှစ်အတွင်းက ပျက်စီးမှုဖြစ်ခဲ့သည့် ဖူကူရှီးမားဒိုင်အိချီ နျူကလီးယားဓာတ်အားပေးစက်ရုံ NPP မှ စုစည်းထားသည့် ရေဒီယိုသတ္တိကြွဓာတ်များနှင့် အခြားသော ဒြပ်စင်ပစ္စည်းများ ပါဝင်ဖွယ်ရှိသည့် အိတ်များပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ဂျပန်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်က ကြေညာသည်။

ပျောက်ဆုံးအိတ်များမှ အများစုကို ပြန်လည်တွေ့ရှိပြီဟု ဝန်ကြီးဌာနက ပြောသော်လည်း အိတ် ၃၀ ကိုသာ ပြန်လည်တွေ့ရှိခြင်းဖြစ်သည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြသည်။

အီတာယူမုန်တိုင်းကြောင့် ဖြစ်ပေါ်သော မိုးသည်းထန်ရေကြီးမှုများသည် NPP ကို ပျက်စီးမှုမဖြစ်စေခဲ့ကြောင်း ဂျပန်တာဝန်ရှိသူများက ပြောပြီး သတင်းများတွင်မူ မိုးများ၍ ရေကြီးမှုကြောင့် ဓာတ်အားပေးစက်ရုံတွင် ရေကြီးမှုများဖြစ်ကာ ပစိဖိတ်သမုဒ္ဒရာထဲသို့ ယင်းရေများ စီးဝင်ကြောင်း ဖော်ပြသည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly